တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမှာ ကုန်တင်သင်္ဘောဝန်ထမ်းတွေက ဆိပ်ကမ်းတွေမှာ သင်္ဘောတွေကို လုံခြုံအောင် ကျောက်ချထားကြပြီး လုပ်သားတွေက သစ်ကိုင်းတွေကို ခုတ်ထားကြပါတယ်။
၁၉၄၉ ခုနှစ်ကတည်းက ခုထိ အားအပြင်းဆုံး အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက် တိုက်ခတ်နိုင်တဲ့ ဘေဘီကာ မုန်တိုင်းအတွက် ကြိုတင် ပြင်ဆင်နေကြတာပါ။
Category 1 တိုင်ဖွန်းမုန်တိုင်း ဘေဘီကာဟာ ဗဟိုချက်နားမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၈၉ မိုင်နဲ့ ရှန်ဟိုင်းမြို့အရှေ့တောင်ဘက် ကီလိုမီတာ ၅၀၀ အကွာကို ဒေသစံတော်ချိန် နေ့လယ် ၁ နာရီက ရောက်လာပါတယ်။
စက်တင်ဘာ ၁၆ ရက် ညသန်းခေါင်ယံ နောက်ပိုင်းမှာ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း တလျှောက်ကနေ မုန်တိုင်းက ကုန်းတွင်းပိုင်းဆီ ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်း ဘေဘီကာ ဝင်ရောက်တိုက်ခတ်ချိန်ဟာ တရုတ်နိုင်ငံမှာ ခရီးသည်တွေနဲ့ လေဟာပြင် လှုပ်ရှားမှုတွေများပြီး ၃ ရက်ကြာကျင်းပမယ့် နိုင်ငံတဝန်း အားလပ်ရက်ဖြစ်တဲ့ ဆောင်းဦးရာသီပွဲတော်နဲ့ တိုက်ဆိုင်နေပါတယ်။
ဒါကြောင့် ရှန်ဟိုင်းဆီ အသွားအပြန် လေကြောင်းခရီးစဉ်ပေါင်း ၆၀၀ ကျော်ကို ဖျက်သိမ်းထားရတယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Source-Reuters