နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့က အကျဉ်းထောင်တခုမှာ အရင် သီတင်းပတ် အစောပိုင်းက ရေကြီးလို့ နံရံတွေ ပြိုကျခဲ့တဲ့အတွက် အကျဉ်းသား ၂၈၁ ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အကျဉ်းထောင်အာဏာပိုင်တွေက စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲက ၇ ယောက်ကိုတော့ လုံခြုံရေးအေဂျင်စီတွေက စစ်ဆင်ရေးတွေမှာ ပြန်ဖမ်းမိခဲ့တယ်လို့ နိုင်ဂျီးရီးယား ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုဌာန ပြောရေးဆိုခွင့်ရှိသူ အိုမာ အဘူဘာကာက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
“ရေကြီးမှုကြောင့် အလယ်အလတ်အနေနဲ့ လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာ အပါအဝင် ပြုပြင်ရေးဌာနတွေက နံရံတွေပြိုကျခဲ့တယ်” လို့ အဘူဘာကာက ပြောပါတယ်။
Source-Reuters