နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဒေသကြီးတွေမှာ မရပ်မနား မိုးသည်းထန်စွာ ရွာသွန်းပြီး ပြင်းပြင်းထန်ထန် ရေလွှမ်းမိုးခဲ့တာကြောင့် လူပေါင်း ၁ သန်းလောက် ရေကြီးရေလျှံမှုကို ကြုံနေရကြောင်း စက်တင်ဘာ ၁၁ ရက်မှာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၀ ရက်မှာ ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ ဘော်နိုပြည်နယ် မိုက်ဒူဂူရီမြို့မှာ လမ်းတွေနဲ့ လူနေရပ်ကွက်တွေ ရေတွေထဲ နစ်မြုပ်နေတာကို မြင်တွေ့ရပါတယ်။
အရေးပေါ်တုံ့ပြန်ရေး အဖွဲ့တွေဟာ အိမ်ခေါင်မိုးတွေပေါ် တက်ပြေးကြတဲ့ လူတွေကို ကယ်ဆယ်ခဲ့ကြောင်း ယို့ဘ်ပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီက စက်တင်ဘာ ၁၂ ရက်မှာ ဗီဒီယို လွှင့်တင်ထားပါတယ်။
ရေလွှမ်းမိုးမှုကြောင့် မီးသတ်ကားတွေနဲ့ တခြားယာဉ်တွေ နစ်မြုပ်သွားတာကိုလည်း မြင်တွေ့ရပါတယ်။
နိုင်ဂျီးရီးယားမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်မှာ ဆည်တခု ရေလျှံတာကနေ ရေကြီးမှု စတင်ခဲ့ပြီး လူပေါင်း ၁ သန်းအထိ ရေဘေးသင့် ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရပိုင် တိရစ္ဆာန်ရုံလည်း ကျိုးပျက်သွားခဲ့ပြီး မိကျောင်းတွေနဲ့ မြွေတွေဟာ ရေဘေးဒဏ်သင့်လူတွေကြားထဲ မျောပါ တိုးတိုက်မိကုန်ပါတယ်။
ဒါဟာ ဆယ်စုနှစ် ၂ ခုအတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
Source-Reuters