ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ ဆုပ်မွေးမြို့နယ်အပိုင်းမှာ စီးဆင်းနေတဲ့ သံလွင် မြစ်ရေဟာ အရှိန်အဟုန်နဲ့ အမြန်စီးဆင်းမြင့်တက်လာလို့ မြစ်ကမ်းနားတဝိုက်နေ ပြည်သူတွေ ဘေးကင်းရာ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မြန်မာဘက်ခြမ်း ကရင်နီပြည်နယ်ထဲ စီးဆင်းလာတဲ့ သံလွင်ရေဟာ တောင်ဘက်ကို အရှိန်နဲ့စီး ဆင်းနေလို့ ဒေသထဲရောက်မလာခင် ကြိုတင်ပြီး ပစ္စည်းတွေ အမြင့်ကို ပြောင်းရွှေ့ ထားကြဖို့၊ မြစ်ရေ အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ သက်ဆိုင်ရာအုပ်ချုပ် ရေးမှူးတွေက စက်တင်ဘာ ၁၁ ရက် ညနေပိုင်းကတည်းက ကြိုတင်သတိပေး ကြေညာထား ပါတယ်။
စက်တင်ဘာ ၁၁ ရက် ညသန်းခေါင်ကျော်ချိန်မှာတော့ သံလွင်မြစ်ရေတွေ ကူးတို့ဆိပ်ကို လွှမ်းပြီး ကမ်းစပ်က အဆောက်အအုံနဲ့ လူနေအိမ်ခြေထဲ ဝင်ရောက်လာပါတယ်။
စက်တင်ဘာ ၁၂ ရက်ဒီမနက်ထိ ရေတွေတရိပ်ရိပ်တက်နေတာမို့ ရွာသားတွေဟာ ကုန်းမြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ပြီး ခိုင်လုံမှုမရှိတဲ့ ဝါးအိမ်တွေလည်း ရေထဲမျောပါ မသွားရအောင် ဖျက်ချနေတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။
Source: Siamrath