ရုရှားနိုင်ငံ မော်စကိုဒေသကို စက်တင်ဘာ ၁၀ ရက်က ဒရုန်းနဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းအစိုးရဟာ ရုရှားရဲ့ရန်သူဖြစ်ပြီး ရုရှားအနေနဲ့ ဆက်လက်တိုက်ခိုက်ဖို့ လိုအပ်တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
ယူကရိန်းနိုင်ငံက ရုရှားမြို့တော်ကို ဒရုန်းနဲ့ အကြီးကျယ်ဆုံး တိုက်ခိုက်ခဲ့ရာမှာ အမျိုးသမီးတယောက်ထက်မနည်း သေဆုံးပြီး နေအိမ်ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့တာပါ။
မော်စကိုမြို့တဝိုက်က လေဆိပ်တွေကနေ လေယာဉ်ခရီးစဉ် ၅၀ လောက်ကို လမ်းကြောင်း ပြောင်းခဲ့ရပါတယ်။
စစ်ပွဲစတင်ကတည်းက အပြင်းထန်ဆုံးနဲ့ အသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေနဲ့ ရုရှားဟာ ယူကရိန်းကို အခုလအတွင်း တိုက်ခိုက်ခဲ့ပါတယ်။
ရုရှားနိုင်ငံ ကာ့က်စ်ခ်ဒေသမှာ ယူကရိန်းတပ်တွေ ရှိနေပေမဲ့ ရုရှားအစိုးရက ယူကရိန်းအစိုးရနဲ့ ဘယ်လိုညှိနှိုင်းမှုမျိုးကိုမျှ မျှော်မှန်းလို့ မရနိုင်ဘဲ အထူးစစ်ရေး စစ်ဆင်ရေးလို့ ခေါ်တဲ့ စစ်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့ ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။
Source-Reuters