Home
နိုင်ငံတကာ
အီရန်က ရုရှားကို ဒုံးကျည်လွှဲပေးမှု အမေရိကန် အတည်မပြု
DVB
·
September 11, 2024
Photo-Reuters

အီရန်က ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တဲ့ကိစ္စကို အမေရိကန်ပြည်ထောင်စုက အတည်မပြုနိုင်သေးဘူးလို့ အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက စက်တင်ဘာ ၉ ရက်မှာ ပြောပါတယ်။

“လွှဲပြောင်းပေးလိုက်ပြီဆိုတဲ့ သတင်းတွေကို ကျနော် အတည်မပြုနိုင်ဘူး။ ဒါပေမဲ့ ဒီလိုနည်းပညာမျိုး ပံ့ပိုးပေးမှုက ယူကရိန်းနိုင်ငံသားတွေရဲ့ စွမ်းဆောင်နိုင်မှုအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိစေမယ်ဆိုတာ အရင်တည်းက ကျနော်တို့ ရည်ညွှန်း ပြောဆိုခဲ့ပြီးသားပါ” လို့ ကာဘီက ပြောပါတယ်။

အပေးအယူပေါ် မူတည်ပြီး အထမြောက်အောင် ဘယ်လိုလုပ်သလဲ ဆိုတာဟာ အရှေ့အလယ်ပိုင်းမှာ အညီအမျှ အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်။

အီရန်က ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေ တိုးတက်အောင် လုပ်နေခဲ့ပြီးသားမို့ ရုရှားနဲ့ မိတ်ဖက်ပုံစံ တမျိုးကနေ ဒေသတွင်း သူတို့စွမ်းရည်တွေ တိုးတက်စေဖို့ ရပ်တည်နေပုံရတယ်လို့ ယူဆပါတယ်လို့လည်း ကာဘီက ပြောပါတယ်။

ဒီလို မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်တွေ အားလုံးကနေ အန္တရာယ်ရှိတဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း သူက ဆက်ပြောပါတယ်။

တနင်္လာနေ့ အစောပိုင်းက ထွက်လာတဲ့ ဒီသတင်းတွေကို အီရန် အကြီးတန်းအရာရှိ တယောက်က ငြင်းဆိုခဲ့ပြီး ဒါတွေဟာ စိတ်ပိုင်းဆိုင်ရာစစ်ပွဲလို့ ရည်ညွှန်းပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီသတင်းတွေဟာ “ယုံကြည်စိတ်ချရတယ်” လို့ ဥရောပသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ တယောက်က ပြောခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013