နိုင်ငံတကာပွဲစဉ်တွေ ကစားရင်း နိုက်ကလပ်တက်ခဲ့တဲ့ ကစားသမား ၃ ယောက်ကို ကိုဆိုဗိုအသင်းက အိမ်ပြန် စေလွှတ်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၁၀၆ ရှိ ကိုဆိုဗိုအသင်းဟာ စက်တင်ဘာ ၇ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ရိုမေးနီးယားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်ကလပ် အစ်ဆွစ်က ဂိုးသမား မောရစ် အပါအဝင် တောင်ပံကစားသမား ဇီဂရိုဗာနဲ့ ကွင်းလယ်ကစားသမား မူစလီဂျာတို့ဟာ မနက် ၂ နာရီအထိ နိုက်ကလပ်မှာ ပျော်ပါးခဲ့ကြတာပါ။
အဲဒီဖြစ်ရပ်အပေါ် ကိုဆိုဗိုနည်းပြချုပ် ဖရန်ကိုဖိုဒါနဲ့ ဘောလုံးအဖွဲ့ချုပ်တို့က ဆွေးနွေး ညှိနှိုင်း အရေးယူခဲ့ပြီး ညဉ့်နက်တဲ့အထိ နိုက်ကလပ်တက်ခဲ့တဲ့ ကစားသမားတွေကို လူစာရင်းကနေ ထုတ်ပယ်ပြီး အိမ်ပြန်စေလွှတ်ခဲ့တာပါ။
ကိုဆိုဗိုအသင်းဟာ စက်တင်ဘာ ၉ ရက်က ဆိုက်ပရက်စ်နဲ့ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲ ပြန်လည်ရရှိခဲ့ပါတယ်။