Home
နိုင်ငံတကာ
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြ
DVB
·
September 9, 2024
Photo - Reuters

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ စက်တင်ဘာ ၈ ရက်က အစ္စလာမာဘတ်မြို့ရဲ့ ဆင်ခြေဖုံးမှာ စုဝေးခဲ့ကြပါတယ်။

ခန်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆန္ဒပြသူတွေနဲ့ PTI ပါတီခေါင်းဆောင်တွေက အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။

လူအုပ်ကြီးက ခန်းကို ထောက်ခံတဲ့အနေနဲ့ ကြွေးကြော်သံတွေ ရွတ်ပြီး အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ခန်းရဲ့ PTI ပါတီဟာ ဇူလိုင်လမှာ ဆန္ဒပြဖို့ ကနဦးက စီစဉ်ခဲ့ပေမဲ့ ခရိုင်အုပ်ချုပ်ရေးဆီက ခွင့်ပြုချက်မရသေးလို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဆန္ဒပြပွဲကို သြဂုတ် ၂၂ ရက်ဆီ ထပ်ရွှေ့ဆိုင်းခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှာမှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၈ ရက်ဆီ ထပ်ရွှေ့ဆိုင်းခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး ကျဆုံးအပြီး လွှတ်တော်ထဲမှာ အယုံအကြည်မရှိအဆို တင်သွင်းခံရလို့ အာဏာဆုံးရှုံးခဲ့တဲ့ အင်မရန်ခန်းကတော့ သူ့ကိုဖြုတ်ချဖို့ နိုင်ငံရေးအရ အကွက်ရွှေ့ရာမှာ စစ်တပ်က ကျောထောက်နောက်ခံပေးပြီး လှုံ့ဆော်တယ်လို့ စွပ်စွဲထားပြီး စစ်တပ်ကတော့ စွဲချက်ကို ငြင်းဆိုထားပါတယ်။

လူဦးရေ သန်း ၂၄၀ ရှိတဲ့ ပါကစ္စတန်နိုင်ငံရဲ့ လွတ်လပ်ရေးရအပြီး ၇၇ နှစ်ကြာ သမိုင်းကို စစ်တပ်က အုပ်စိုးထားလို့ စစ်တပ်က နိုင်ငံရေးနဲ့ အုပ်ချုပ်မှုမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013