ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးထပ်ကြဲခဲ့ပြီး ဒါဟာ ၁၀ ရက်အတွင်း ၃ ကြိမ်မြောက် ဗုံးကြဲတာ ဖြစ်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီ ၂၃ မိနစ်နဲ့ ၁၀ နာရီခွဲလောက်ကလည်း ရပ်ကွက် ၁ ကို လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲခဲ့တယ်လို့ MNDAA ရဲ့ ပြန်ကြားရေး ကိုးကန့်သတင်းစဉ်က ဆိုပါတယ်။
လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနဲ့ ရဲဌာနတို့က ဗုံးကြဲခံရတဲ့နေရာကို သွားရောက်ကယ်ဆယ်ခဲ့ကြပြီး ကနဦးသတင်းအရ အရပ်သား ၁၂ ယောက် ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ထားကြောင်း၊ အသေအပျောက်နဲ့ ဆုံးရှုံးတဲ့ အခြေအနေတွေကိုတော့ ဆက်စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။
စက်တင်ဘာ ၈ ရက် မနက်အစောပိုင်း ၄ နာရီကျော်ကလည်း ဗုံး ၂ လုံးကြဲခဲ့ပြီး ရပ်ကွက် ၁၂ အားကစားရုံနဲ့ ရေပူစမ်းနားက Silver Sky ဟိုတယ်နားမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဩဂုတ် ၃၀ ရက် ည ၈ နာရီခွဲကျော်ကလည်း လားရှိုးမြို့ အမှတ် ၈ အထက်တန်းကျောင်းကို လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင်တွေနဲ့ အနီးအနားက အိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
Photo-ကိုးကန့်သတင်းစဉ်