စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီဟာ စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်မှာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကမ်းရိုးတန်းတလျှောက် မြို့တွေကနေ ကုန်းတွင်းပိုင်းဆီ ထပ်ဝင်ပြီးတဲ့နောက် အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပါတယ်။
အာရှဒေသအတွင်း အခုနှစ်ရဲ့ ၁၁ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဟာ ၁ နာရီ ၁၅ ကီလိုမီတာ အရှိန်နှုန်းနဲ့ အနောက်ဘက်ဆီ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းရပြီး ပြင်းအားက တဖြည်းဖြည်း အားလျော့သွားပါတယ်။
ယာဂီမုန်တိုင်းဟာ သောကြာညက တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ကနေ ဒုတိယအကြိမ်မြောက် ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပြီး ဟိုင်နန်၊ ကွမ်တုံနဲ့ ကွမ်းရှီးပြည်နယ်တို့က လူပေါင်း ၁.၂ သန်းကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။
သောကြာနေ့ ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ ယာဂီမုန်တိုင်းဟာ ဟိုင်နန်ပြည်နယ်၊ ဝမ်ထျန်းမြို့ ဝမ်ချန်မြို့ကနေ ပထမဆုံးအကြိမ် ကုန်းတွင်းဝင်ချိန်က ၁ နာရီ လေတိုက်နှုန်း ၂၃၄ ကီလိုမီတာ ကျော်လွန်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် လူ ၃ ယောက် သေဆုံးပြီး ၉၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ စီစီတီဗီ သတင်းဌာနက စက်တင်ဘာ ၇ ရက်ညမှာ အစီရင်ခံပါတယ်။
ကွမ်တုံပြည်နယ်မှာ နေထိုင်သူ ၅ သိန်းကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ပြီး ဟိုင်နန်ပြည်နယ်မှာတော့ တိုင်ဖွန်းယာဂီ မရောက်မီကတည်းက ဒေသခံ ၄ သိန်းကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
Source-Reuters