Home
နိုင်ငံတကာ
ရုရှားက တညတည်း ဒရုန်းတိုက်ခိုက်မှု ၆၇ ကြိမ် ပြုလုပ်ခဲ့ဟု ယူကရိန်း ပြော
DVB
·
September 8, 2024
Photo - Reuters

ရုရှားက ဒရုန်း ၆၇ ခုနဲ့ စက်တင်ဘာ ၆ ရက် ညက တညလုံး ပစ်ခတ်ခဲ့ကြောင်း ယူကရိန်း လေကြောင်းအဖွဲ့က ပြောပါတယ်။

ရုရှားဟာ တာဝေးပစ်ရှာဟတ်ဒရုန်းတွေနဲ့ တညလုံး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်း ၅၈ ခုကိုတော့ ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းက ဆိုပါတယ်။

ဒေသ ၁၁ ခုကို ပစ်ခက်ခဲ့တဲ့ ဒရုန်းတွေကို ယူကရိန်းလေကြောင်းကာကွယ်ရေးအဖွဲ့က ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရတယ်လို့ တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းလေတပ်ရဲ့ တရားဝင်တယ်လီဂရမ်စာမျက်နှာမှာ ဒရုန်းအပျက်အစီး အပိုင်းအစတွေ မြို့တော်ကိဗ်မှာ တွေ့ရှိတယ်ဆိုတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဖော်ပြခဲ့တာပါ။

ယူကရိန်းဟာ အနောက်အုပ်စုတွေရဲ့ လှူဒါန်းထားတဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေရှိလို့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။ 

ယူကရိန်း အစိုးရ အခြေစိုက်တဲ့ နေရာကလည်း မြို့လယ်မှာမရှိလို့ ရုရှားရဲ့တိုက်ခိုက်မှုတွေကို အကောင်းဆုံးကာကွယ်နိုင်တဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံတွေထဲမှာ ယူကရိန်းပါလီမန်အဆောက်အအုံနားမှာ ဒရုန်းအပျက်အစီး ၄ ခုထက်မနည်းတွေ့တယ်လို့ ဖော်ပြပါတယ်။

မနက် ၃ နာရီလောက် ဆက်တိုက် ပေါက်ကွဲသံတွေ ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ ကျူးကျော်စစ်စတင်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဒုံးကျည်နဲ့ ရှာဟတ်ဒရုန်းတွေ  ထောင်နဲ့ ချီပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားဟာ ၂၀၂၂ စက်တင်ဘာလကတည်းက ဈေးသက်သာတဲ့ အီရန်ကဒီဇိုင်းထုတ်ထားတဲ့ ရှာဟတ်ဒရုန်းတွေကို စစ်ပွဲမှာ စတင်အသုံးပြုခဲ့တာပါ။

ရှာဟတ်ဒရုန်းတွေဟာ အနည်းဆုံး ၁ နာရီ မိုင် ၁၂၀ သွားနိုင်ပြီး အနိမ့်ပျံနိုင်မှုနဲ့ သာမန်ဒုံးကျည်တွေထက် အပူထုတ်လွှတ်မှုနည်းပါးတာကြောင့် ကာကွယ်ရေးစနစ်တွေအတွက် ခက်ခဲစေတယ်လို့ ဆိုပါတယ်။

ရုရှားတွေဟာ ဒရုံးတွေကို ၂ နိုင်ငံ နယ်စပ်ကနေ လှမ်းပစ်သလို ရုရှားပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကလည်း လှမ်းပစ်တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013