ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ တရုတ်ဒုတိယသမ္မတ ဟန်ကျန်းကို ရုရှားနိုင်ငံ အရှေ့ဖျားမြို့ ဗလာဒီဗော့စတော့မြို့မှာ စက်တင်ဘာ ၄ ရက်က လက်ခံတွေ့ဆုံခဲ့ပါတယ်။
ဟန်ကျန်းဟာ ရုရှား ဖက်ဒရေးရှင်း အစိုးရနဲ့ မွန်ဂိုလီးယားအစိုးရတို့ရဲ့ ဖိတ်ကြားချက်အရ စက်တင်ဘာ ၄ ရက်ကနေ ၈ ရက်အထိ ဗလာဒီဗိုစတော့မြို့မှာ ကျင်းပတဲ့ နဝမအကြိမ်မြောက် အရှေ့စီးပွားရေးဖိုရမ်ကို တက်ပြီးရင် မွန်ဂိုလီးယားနိုင်ငံဆီ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။
တရုတ်နိုင်ငံဟာ အရှေ့ဖျားစီးပွားရေးဖိုရမ်ရဲ့ အခန်းကဏ္ဍနဲ့ သြဇာလွှမ်းမိုးမှုကို အလွန်တန်ဖိုးထားပြီး ရုရှားရဲ့ အရှေ့ဖျားဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ရာမှာ တက်တက်ကြွကြွ ပါဝင်ကူညီပံ့ပိုးပေးနေတယ်လို့ ဟန်ကျန်းက ပြောပါတယ်။
ပူတင်ကလည်း ဟန်ကျန်းကို ရုရှားမှာ နဝမအကြိမ်မြောက် အရှေ့စီးပွားရေးဖိုရမ် တက်ရောက်တဲ့အတွက် ကြိုဆိုလိုက်ပြီး တရုတ်သမ္မတ ရှီဆီ စိတ်ရင်းမှန်နဲ့ နှုတ်ခွန်းဆက်စကား ပြောပေးဖို့ ပူတင်က ဟန်ကျန်းကို တောင်းဆိုခဲ့ပါတယ်။
ရုရှား-တရုတ် ဆက်ဆံရေးဟာ သမိုင်းတလျှောက် အကောင်းဆုံးကာလဖြစ်ပြီး ရုရှားနိုင်ငံဟာ နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်မှု၊ ယဉ်ကျေးမှု၊ ဒေသတွင်းနဲ့ တခြားနယ်ပယ်တွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ အလွန်အရေးထားတယ်လို့လည်း ပူတင်က ပြောခဲ့ပါတယ်။
ရုရှားဟာ တရုတ်နိုင်ငံနဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းအသစ်တွေကို ရှာဖွေဖို့ မျှော်လင့်ထားတယ်လို့လည်း ပူတင်က ဆက်ပြောခဲ့ပါတယ်။
Source-Reuters