Home
နိုင်ငံတကာ
တရုတ်က အာဖရိကနိုင်ငံများနှင့် BRI စီမံကိန်းကို ပူးပေါင်းဆောင်ရွက်မည်
DVB
·
September 5, 2024
Photo - Reuters

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်မှာ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ကျင်းပမယ့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ရဲ့ 2024 FOCAC ထိပ်သီးညီလာခံမှာ အာဖရိက နိုင်ငံတွေနဲ့ ပူးပေါင်းမယ့် ခါးပတ်တကွင်း လမ်းတစင်း မဟာဗျူဟာစီမံကိန်း (BRI) အတွက် တရုတ်နိုင်ငံက လက်မှတ်ရေးထိုးသွားမယ်လို့ တရုတ်အရာရှိတယောက်ကို ကိုးကားပြီး တရုတ်အစိုးမီဒီယာ CCTV က ထုတ်ပြန်ပါတယ်။

BRI မူဘောင်အတွင်း တရုတ်နဲ့ အာဖရိက ပူးပေါင်းဆောင်ရွက်ရာက ရတဲ့အောင်မြင်မှုတွေ အကြောင်းကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် လက်အောက်က ဒေသန္တရ အဖွင့်ဌာန ဒါရိုက်တာ ရှုကျန်းဖျင်က စက်တင်ဘာ ၂ ရက် ထိပ်သီးအစည်းအဝေးရဲ့ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲအတွင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၁ နှစ်အတွင်း တရုတ်နဲ့ အာဖရိကတို့ဟာ ခေတ်သစ်ပိုးလမ်း ၂ သွယ် စီမံကိန်းကို ပူးပေါင်းတည်ဆောက်ခဲ့ပြီး အခြေခံအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေးနဲ့ အရည်အချင်းပြည့်ဝတဲ့ စိုက်ပျိုးမှု စတဲ့ကဏ္ဍတွေမှာ အောင်မြင်မှုရခဲ့တာလို့လည်း ဆိုပါတယ်။

အာဖရိကနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုမှာ တွန်းအားသစ်တွေနဲ့ တက်ကြွအောင် လှုံ့ဆော်မှုအသစ်တွေ ထည့်သွင်းခဲ့တယ်၊ မျှဝေထားတဲ့ အနာဂတ်တခုနဲ့အတူ တရုတ်-အာဖရိက အသိုက်အဝန်းကို အရှိန်မြှင့် တည်ဆောက်ရာမှာ အရေးကြီးတဲ့ အထောက်အပံ့တွေကို ပံ့ပိုးပေးခဲ့တယ်လို့ ရှုက ပြောပါတယ်။

လက်ရှိမှာ အာဖရိကနိုင်ငံ ၅၂ နိုင်ငံနဲ့ အာဖရိကသမဂ္ဂတို့ဟာ တရုတ်နဲ့အတူ BRI ကို ပူးပေါင်းတည်ဆောက်ဖို့ တရုတ်နိုင်ငံနဲ့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပါတယ်။

တရုတ်နိုင်ငံဟာ အယ်လ်ဂျီးရီးယား၊ အီဂျစ်နဲ့ အီသီယိုးပီးယား အပါအဝင် အာဖရိကနိုင်ငံတွေနဲ့ရော အာဖရိကသမဂ္ဂနဲ့ပါ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားပါတယ်။

2024 FOCAC ထိပ်သီးအစည်းအဝေးကို မျှဝေထားတဲ့ အနာဂတ်နဲ့အတူ အဆင့်မြင့် တရုတ်-အာဖရိက အသိုက်အဝန်းကို တည်ဆောက်ရေးနဲ့ ခေတ်မီတိုးတက်ရေး လက်တွဲပူးပေါင်းဆောင်ရွက်ရေး ဆောင်ပုဒ်နဲ့ ကျင်းပမှာလို့ CCTV က ဖော်ပြထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013