Home
ရုပ်သံ
တရုတ်အထူးကိုယ်စားလှယ်နှင့် KIA တွေ့ဆုံ
DVB
·
September 3, 2024

နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တရုတ်အထူးကိုယ်စားလှယ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KIA/KIO သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဩဂုတ်လ နောက်ဆုံးအပတ်ထဲမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ဦးဆောင်တဲ့အဖွဲ့တို့ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် တွေ့ဆုံခဲ့ကြတာဖြစ်ပေမဲ့ အသေးစိတ် အကြောင်းအရာကို တော့ မသိရသေးဘူးလို့ KIA/KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တရုတ်နိုင်ငံ ထိန်ချုံးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး KIA ဘက်ကတော့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေ လိုက်ပါသွားခဲ့တာလို့ ဆိုပါတယ်။

မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ပြီးခဲ့တဲ့လကုန်ပိုင်းက တရုတ်နိုင်ငံမှာ ‘ဝ’ တပ်ဖွဲ့အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ အားလုံးကို တရုတ်အထူးကိုယ်စားလှယ်က တွေ့ဆုံခဲ့တာဖြစ်ပြီး နယ်စပ်ဒေသ ငြိမ်းချမ်းရေးအပြင် လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်းကို တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ပြောပါတယ်။

တရုတ်အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ မြောက်ပိုင်းအဖွဲ့တွေထဲက KIA အဖွဲ့နဲ့ တွေ့ဆုံမှုကို သာ အတည်ပြုနိုင်ပြီး ကျန်အဖွဲ့တွေနဲ့ တွေ့ဆုံမှု ရှိ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အောင်သူ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013