ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယူကရိန်းဟာ စွမ်းအင်အသစ် လိုအပ်တယ်လို့ စက်တင်ဘာ ၄ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားနဲ့ စစ်ပွဲစချိန်ကစပြီး အကြီးမားဆုံး အစိုးရအပြောင်းအလဲကို အမိန့်ပေးချိန်မှာ ခုလို ပြောလိုက်တာပါ။
ရုရှားနဲ့ လ ၃၀ ကြာ စစ်ပွဲအတွင်း အတိမ်းအစောင်းမခံတဲ့ အဆင့်မှာ အစိုးရအဖွဲ့ကို အကြီးစား အပြောင်းအလဲလုပ်ဖို့ ဇလန်းစကီးက အမိန့်ပေးခဲ့အပြီး အမြင့်ဆုံးရာထူးအဆင့်တွေ အပြောင်းအလဲ ဖြစ်ခဲ့ပြီးတဲ့နောက် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ခူလေဘာက ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
အင်္ဂါနေ့မှာ ဝန်ကြီး ၅ ယောက် ရာထူးကနေ နုတ်ထွက်ပြီးတဲ့နောက် လာမယ့်ရက်တွေအတွင်း ရာထူးကနေ နုတ်ထွက်တာတွေ၊ ခန့်အပ်တာတွေ ပိုလုပ်ဖို့ရှိတယ်လို့ မီဒီယာတွေက ထုတ်ပြန်ပါတယ်။
ယူကရိန်းနိုင်ငံအနောက်ပိုင်း လဗိဗ်မြို့မှာ ရုရှား မောင်းသူမဲ့လေယာဉ်နဲ့ ဒုံးကျည်တစင်း ပစ်ခတ်တိုက်ခိုက်လို့ လူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဇလန်းစကီးက မဟာမိတ်တွေဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပိုမိုပံ့ပိုးပေးခြင်းအားဖြင့် ရုရှားရဲ့ အကြမ်းဖက်မှုကို ရပ်တန့်စေနိုင်တယ်လို့ ပြောပါတယ်။
ရုရှားပိုင်နက်ထဲကို တာဝေးပစ်လက်နက်တွေနဲ့ ပိုနက်နက်ရှိုင်းရှိုင်း ပစ်ခတ်ခွင့်ပေးဖို့ကိုလည်း ထပ်ပြီး တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
Source-Reuters