Home
မြန်မာသတင်း
မလုံခြုံသည့်နေရာများတွင် စစ်တပ်လုံခြုံရေးဖြင့် သန်းခေါင်စာရင်းကောက်မည်ဟု ဒုစစ်ခေါင်းဆောင်ပြော
DVB
·
September 8, 2024

သန်းခေါင်စာရင်း ကောက်ယူရာမှာ မလုံခြုံတဲ့နေရာတွေကို လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ကောက်ယူသွားမယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနအစည်းအဝေးခန်းမမှာ စက်တင်ဘာ ၆ ရက် နေ့လယ်က ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်၊ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

လဝက ဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က “အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ကောက်ယူဖို့ သတ်မှတ်ပြီး ကောက်ရာမှာ မတည်ငြိမ်တဲ့နေရာတွေကို တပ်က လုံခြုံရေးယူပေးမယ်ဆိုပြီး ပြောတာ” လို့ DVB ကို ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အရ မလုံခြုံတဲ့နေရာတွေကို လုံခြုံရေးတပ်တွေချထားပြီး သတ်မှတ်ကာလ ၁၅ ရက်အတွင်း သန်းခေါင်စာရင်းကောက်ဖို့ ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်းမှာတော့ စက်တင်ဘာ ၃ ရက်က သန်းခေါင်စာရင်းကောက်ယူရေးအတွက် ၁၄ ခရိုင်အတွင်းမှာရှိတဲ့ စာရင်းကောက်ယူသူတွေကို သင်တန်းပေးပြီး စာရင်းကောက်ဖို့ စတင်ဆောင်ရွက်နေတယ်လို့ တိုင်းလဝကနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“တနိုင်လုံးကောက်ဖို့တော့ မဖြစ်နိုင်ဘူး။ ရှမ်းမြောက်နဲ့ ရခိုင်ကို ဘယ်လိုကောက်မလဲ။ ပဋိပက္ခဖြစ်နေတဲ့ စစ်ကိုင်း၊ မကွေးလိုနေရာတွေ ရသလောက်ကောက်မယ်ဆိုရင် ဖြစ်နိုင်တယ်” လို့ ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်တို့က ကောက်ယူခဲ့ပြီး နောက်ဆုံးကောက်ယူခဲ့တာကတော့ ၂၀၁၄ ခုနှစ်မှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024