Home
နိုင်ငံတကာ
မေရီလန်းအထက်တန်းကျောင်း၌ ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသား ၁ ဦး သေဆုံး
DVB
·
September 7, 2024
Photo -REUTERS

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှ ဂျော့ပါတောင်းန် အထက်တန်းကျောင်းမှာ အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသား ဝေါ်ရန် ကားတစ်စ် ဂရန့်ထ်ဟာ ကျောင်းရေချိုးခန်းထဲမှာ သေနတ်ပစ်ခံခဲ့ရလို့  သေဆုံးသွားကြောင်း ဟားဖှို့ဒ်ကောင်တီရဲအရာရှိ ဂျက်ဖှ် ဂါလာက စက်တင်ဘာ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

မွန်းတည့်ပြီးရုံ အချိန်လောက်က ကျောင်းရေချိုးခန်းအတွင်းမှာ ဝေါ်ရန်ကားတစ်စ် ဂရန့်ထ် ရှိနေချိန် အသက် ၁၆ နှစ်အရွယ် အမည်မသိ အမျိုးသား တယောက်က သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွား တာလို့ ရဲအရာရှိ ဂါလာက ပြောပါတယ်။ 

မေရီလန်းပြည်နယ်၊ အဂျ်ဝုဒ်အသိုင်းအဝိုင်းမှ ဝေါ်ရန်ကားတစ်စ် ဂရန့်ထ်ကို ကျောင်းသူနာပြုနဲ့ ကျောင်းတာဝန်ကျ ရဲအရာရှိတို့က ရှေးဦးသူနာပြုစု ပေးခဲ့ပါတယ်။ 

အဲဒီနောက် ဘောလ်တီမိုးမြို့ရှိ ဂျွန်ဟော့ပ်ကင်းဆေးရုံကို ပို့ဆောင်ခဲ့ပြီး သေဆုံးသွားကြောင်း ကြေညာခဲ့ပါတယ်။ 

အနီးနားပတ်ဝန်းကျင်မှာ အသက် ၁၆ နှစ်အရွယ် သံသယရှိသူကို ရဲတွေက ဖမ်းဆီးခဲ့ပေမဲ့ လက်နက်ကို ချက်ချင်း ရှာမတွေ့ခဲ့ပါဘူး။ ဒီအမှုမှာ သံသယရှိသူရဲ့ အမည်ကို မထုတ်ပြန်သေးပါဘူး။

သံသယရှိသူဟာ အဲဒီကျောင်းက ကျောင်းသားပဲဖြစ်ပြီး သူ့ကို စွဲချက် မတင်ရသေးပေမယ့် အရွယ်ရောက်ပြီးသူအဖြစ် သတ်မှတ်ချိန်ကျမှ သူ့နာမည်ကို ထုတ်ဖော်ပြီး စွဲချက် တင်သွားမှာ ဖြစ်တယ်လို့ ဟားဖှို့ဒ် ကောင်တီရဲအရာရှိ ဂျက်ဖှ် ဂါလာက ပြောပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013