အင်ဒိုနီးရှား၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေဟာ ပစ်ခတ်မှုတွေပါတဲ့ စစ်ဆင်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဂျာဗားအရှေ့ပိုင်းရှိ ဆီတူဘွန်ဒိုမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်၊ ဗြိတိန်၊ ဩေတြေးလျ၊ ပြင်သစ်၊ ကနေဒါ၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်နိုင်ငံတို့ပါဝင်ခဲ့ကာ တပ်ဖွဲ့ အင်အား ရာနဲ့ချီတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ဒါဟာ ၂၀၂၄ SGS ပူးပေါင်းရဲ့ တပ်ဖွဲ့တွေအတူ ပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၀၉ ခုနှစ်က ဂျာဗားအနောက်ပိုင်း ဘန်ဒေါင်းမှာစပြီး စစ်ရေး ပူးပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုအကြိမ်ဟာ ၁၈ ကြိမ်မြောက် ပူးပေါင်း လေ့ကျင့်မှုဖြစ်ပါတယ်။
အင်ဒိုနီးရှားနဲ့ အမေရိကန်တပ်ဖွဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ၂ နိုင်ငံဆက်ဆံရေးခိုင်မာမှုနဲ့ ဒေသတွင်း လုံခြုံရေးအတွက် အဆင့်မြှင့်တင်တာပဲ ဖြစ်ပါတယ်။
လေ့ကျင့်မှုတွေမှာ တိုက်ခိုက်သိမ်းပိုက်မှုနဲ့ စတင်ထားပြီး ရန်သူတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်၊ ထိန်းချုပ်၊ ရှင်းလင်းရေးတွေပါ ပါဝင်ပြီး ဟယ်လီကော်ပတာ ဆင်းတဲ့နေရာ လုံခြုံရေးပေးတာနဲ့ အဆုံးသတ်ခဲ့ပါတယ်။
အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဆူလီဗန်က တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ဘေဂျင်းမှာ ဩဂုတ်လအကုန်က တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်ဟာ အင်ဒိုနီးရှားမှာ တခြားနိုင်ငံတွေနဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Source-Reuters