ထိုင်ဝမ်နဲ့ ပူးတွဲပြီး လက်နက်တွေ ထုတ်လုပ်နိုင်ခြေကို အမေရိကန်က ပယ်ချမှာ မဟုတ်ဘူးလို့ ထိုင်ဝမ်မြို့တော် ထိုင်ပေက ထိပ်တန်းသံတမန်က စက်တင်ဘာ ၄ ရက်မှာ ပြောလိုက်ပါတယ်။
ထိုင်ပေမှာရှိတဲ့ အမေရိကန်အင်စတီကျု (AIT) က အသစ်ခန့်အပ်ထားတဲ့ ဒါရိုက်တာနဲ့ တရားဝင် မဟုတ်သေးပေမဲ့ လက်တွေ့ အလုပ်လုပ်နေတဲ့ အမေရိကန်သံအမတ်ကြီး ရေမွန် ဂရင်းနီက မှတ်ချက်ပြု ပြောကြားခဲ့တာပါ။
ထိုင်ဝမ်ကျွန်းဟာ လက်ရှိအနေအထားကို ပြောင်းလဲဖို့ တရုတ်ပြည်မကြီးအစိုးရရဲ့ တခုတည်းသောပစ်မှတ် မဟုတ်ဘဲ ခြိမ်းခြောက်အကျပ်ကိုင်မှုကို အသုံးပြုဖို့နဲ့ အမေရိကန်ဟာ အဲဒီနေရာမှာ တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ အင်ဒို-ပစိဖိတ်ဒေသမှာ မဟာမိတ်ကွန်ရက်တခု တည်ဆောက်နေတယ်လို့ ဂရင်းနီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံမှု မရှိပေမဲ့ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး နိုင်ငံတကာ ထောက်ခံအားပေးသူနဲ့ လက်နက်ထောက်ပံ့သူလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း သူ့ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု တောင်းဆိုချက်တွေကို လက်ခံဖို့ ထိုင်ဝမ်ကို ဒီမိုကရေစီနည်းကျ အုပ်ချုပ်ဖို့ စစ်ရေးနဲ့ နိုင်ငံရေးအရ ဖိအားတွေ ပိုတိုးပေးခဲ့ပါတယ်။
မေလမှာ တရုတ်က ခွဲထွက်ရေးသမားလို့ ခေါ်တဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် ရာထူးဆက်ခံပြီးတဲ့နောက် ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်က စစ်အင်အားပြပွဲတွေ ဆင်နွှဲခဲ့ပါတယ်။
Source-Reuters