ယူဂန်ဒါ အိုလံပစ် မာရသွန်အပြေးသမား ရီဘက်ကာ ချက်ပ်တေဂီဟာ သူ့ရည်းစားက ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တာကြောင့် သေဆုံးသွားပြီလို့ နိုင်ငံရဲ့ အိုလံပစ်ကော်မတီ အကြီးအကဲက စက်တင်ဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ပါရီအိုလံပစ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ချက်ပ်တေဂီဟာ ကင်ညာနိုင်ငံထဲမှာ တနင်္ဂနွေနေ့က တိုက်ခိုက်ခံရလို့ ခန္ဓာကိုယ်ရဲ့ ၇၅ ရာခိုင်နှုန်းကျော် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကင်ညာနဲ့ ယူဂန်ဒါမီဒီယာတွေက ဖော်ပြပါတယ်။
ဒါကြောင့် သူဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကစပြီး ခုထိ နိုင်ငံအတွင်း အသတ်ခံရတဲ့ တတိယမြောက် အမျိုးသမီးအားကစားသမား ဖြစ်လာခဲ့ပါတယ်။
“ကျနော်တို့ရဲ့ အိုလံပစ် အားကစားသမား ရီဘက်ကာ ချက်ပ်တေဂီဟာ သူ့ချစ်သူရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် ဝမ်းနည်းကြေကွဲစရာ ဆုံးပါးသွားတာကို ကျနော်တို့ သိရှိခဲ့ရပါတယ်” လို့ ယူဂန်ဒါ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်နယ် ရူခါရေက လူမှုကွန်ရက် မီဒီယာ X မှာ ရေးသားခဲ့ပါတယ်။
ပါရီမှာ ၄၄ ကြိမ်မြောက် ပြိုင်ပွဲဝင်ခဲ့တဲ့ ချက်ပ်တေဂီဟာ လေ့ကျင့်ရေးဆင်းချိန်က တည်းခိုခဲ့တဲ့ အိမ်တလုံး ကင်ညာနိုင်ငံထဲမှာ ရှိနေပါတယ်။
Source-Reuters