Home
မြန်မာသတင်း
မန်တုံမြို့ကို စစ်ကောင်စီဗုံးကြဲ၊ လက်ဖက်စက်ရုံ ပျက်စီးပြီး အမျိုးသား ၁ ဦး ထိခိုက်
DVB
·
September 4, 2024
Photo Crd-Ta'ang Women's Organization Fb
Photo Crd-Ta'ang Women's Organization Fb
Photo Crd-Ta'ang Women's Organization Fb
Photo Crd-Ta'ang Women's Organization Fb

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့ကို  စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသားတယောက်ထိမှန်ဒဏ်ရာရခဲ့ပြီး  လက်ဖက်စက်ရုံ ပျက်စီးသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက မန်တုံမြို့နယ်ကို စက်တင်ဘာ ၃ ရက် ည ၁၀ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုင်တာနဲ့ ပေါင် ၃၀၀ ဗုံးတွေနဲ့ ၂ ကြိမ် လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို ဗုံးကြဲခံရမှုကြောင့်  မန်တုံမြို့နယ် အောင်ချမ်းသာရပ်ကွက်နဲ့ မြို့မတံတားအနီးရှိ ဦးအိုက်အေး အချိုခြောက် လက်ဖက်စက်ရုံမှာ ပေါင် ၃၀၀ ဗုံး ၃ လုံး နဲ့  (၁၃၀) တပ်စခန်းကုန်းအတက်မှာ  ၁ လုံး ကျရောက်ခဲ့ပြီး လက်ဖက်စက်ရုံအလုပ်သမားအမျိုးသား တယောက် ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရသူမှာ အသက် ၂၁ နှစ်အရွယ် မောင်သက်နိုင်လင်းဖြစ်ပြီး ညာဘက်လက် ဗုံးစ ထိမှန်ခဲ့ကာ လက်ဖက်စက်ရုံ ၃ နေရာမှာ အမျာအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန် ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တအာင်းဒေသ မန်တုံ၊ နမ့်ဆန်၊ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံမြို့နယ်တွေမှာ ဒုတိယအကြိမ် ၁၀၂၇ စစ်ဆင်ရေး စတင်ဖြစ်ပွားချိန်ကစပြီး ဒီကနေ့အထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ  ဖြတ်တောက်ထားခံထားရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013