ဘိုလီးဗီးယားနိုင်ငံမှာ တောမီးလောင်ကျွမ်းပြီးတဲ့နောက် လေထုအရည်အသွေးမကောင်းလို့ အစိုးရက စက်တင်ဘာ ၃ ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
လာပဲ့ဇ်မြို့တော်က လေထုအရည်အသွေးဟာ အမှတ် ၃၀၀ ပေးထားတဲ့ အဆင့်သတ်မှတ်ချက်မှာ အမှတ် ၁၈၈ အထိ ရောက်ခဲ့တာကြောင့် အလွန်ဆိုးရွားတယ်လို့ ယူဆရပါတယ်။
ပဲပိစပ်ကြွယ်ဝတဲ့ စန်တာခရုဇ် ဒေသထဲမှာတော့ လေထုညစ်ညမ်းမှု ညွှန်းကိန်းက ၆၁ ဖြစ်လို့ ပုံမှန်ဖြစ်နေဆဲပါ။
ဘရာဇီးလ်နိုင်ငံထဲက အမေဇုန်သစ်တော မီးလောင်လို့ ဘိုလီးဗီးယားဒေသ အများအပြားမှာ လေထုညစ်ညမ်းမှုက ထူထူထဲထဲ ဖုံးအုပ်နေပါတယ်။
ဘရာဇီးနိုင်ငံ အမေဇုန်တောမီးက ထွက်လာတဲ့ လေစီးကြောင်းနဲ့ မီးခိုးငွေ့တွေက ဘိုလီးဗီးယား နိုင်ငံထဲကို လေထုညစ်ညမ်းစေတဲ့ အရာဝတ္ထုတွေကို သယ်ဆောင်လာခဲ့ကြတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ရှင်းပြပါတယ်။
မြို့ပေါင်း ၂၀ မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ၁၄ မြို့က စန်တာခရုဇ် ပြည်နယ်ထဲမှာ မီးလောင်ခဲ့တာလို့ အဲဒီဌာနက သတင်းထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်း တစိတ်တပိုင်းက စိုက်ပျိုးရေးအတွက် စိုက်ခင်းတွေကို ခုတ်ထွင် ရှင်းလင်းရာမှာ မှိုနဲ့ပိုးမွှားတွေကို ရှင်းဖို့ တောမီးရှို့တဲ့ စိုက်ပျိုးရေးနည်းပညာကြောင့် ခုလို တောမီးတွေ ထိန်းမရ သိမ်းမရ လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
Souce-reuters