ဘိုလီးဗီးယားပြည်သူတွေဟာ တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူတွေ လွှမ်းနေပေမဲ့လည်း စက်တင်ဘာ ၁ ရက်မှာ ကျရောက်တဲ့ လမ်းသွားလမ်းလာများနေ့အတွင်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
နှစ်စဉ်ကျင်းပတဲ့ ဒီအခမ်းအနားမှာ မော်တော်ယာဉ်သွားလာမှု အားလုံးကို ယာယီပိတ်ပင်လိုက်ပြီး မိသားစုတွေ အပါအဝင် စက်ဘီးစီးနင်းသူတွေနဲ့ ပြေးလွှားသူတွေက အားကစားလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆန်တာခရုဇ်ဒေသမှာ တောမီးလောင်ကျွမ်းမှု ပြင်းထန်လာတာကြောင့် ထူထဲတဲ့ မီးခိုးငွေ့တွေဟာ မြို့တော် လာပက်ဇ်နဲ့ အယ်လ်-အဲလ်တို မြို့တွေအထိ ရောက်ရှိလာခဲ့ပါတယ်။
ဒီလိုမျိုး လေထုအရည်အသွေးက ဆိုးရွားနေပေမဲ့လည်း လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးစီးနင်းသူတွေရဲ့ အမျိုးသားနေ့ကို အစဉ်အလာမပျက် ကျင်းပခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ်ကစလို့ စက်တင်ဘာလရဲ့ ပထမဆုံး တနင်္ဂနွေနေ့ကို “လမ်းသွားလမ်းလာများနေ့” အဖြစ် သတ်မှတ်ပြီး ဒါဟာ ဒေသခံလူထုအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေအပေါ် ပိုမိုအာရုံစိုက်လာစေဖို့ ဖြစ်ပါတယ်။
Source-Reuters