Home
နိုင်ငံတကာ
ဂါဇာရှိ ဖီလာဒယ်လ်ဖီစင်္ကြံကို ထိန်းချုပ်ထားရန် အရေးကြီးဟု နေတန်ယာဟု ပြော
DVB
·
September 3, 2024
Photo - Reuters

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် တန်ဖိုးအဖြစ် တောင်ပိုင်းဂါဇာနယ်စပ်ဒေသမှာ တပ်ဖွဲ့တွေထားရှိမယ့် သူ့ရဲ့ဆန္ဒကို လျှော့ပေါ့ပေးဖို့ တောင်းဆိုချက်တွေကို စက်တင်ဘာ ၂ ရက်မှာ ပယ်ချလိုက်ပြီး ဟားမတ်စ်အတွက် အဓိက အသက်သွေးကြောဖြစ်တဲ့ အဲဒီနေရာကို ထိန်းချုပ်ဖို့ အစ္စရေးအတွက် အရေးကြီးတယ်လို့ ဂျေရုစလင် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မကောင်းဆိုးဝါးဝင်ရိုးက ဖီလာဒယ်လ်ဖီစင်္ကြံကို လိုအပ်နေတာဖြစ်ပြီး အစ္စရေးကလည်း အဲဒါကြောင့်ပဲ စင်္ကြံကို ထိန်းချုပ်ရမှာဖြစ်တယ်။ ဟားမတ်စ်က အစ္စရေးကို အဲဒီမှာ ရှိမနေစေချင်ပေမဲ့ အဲဒါကြောင့်ပဲ အစ္စရေးက အဲဒီမှာ ရှိနေရမယ်။”

တကယ်လို့ အစ္စရေးဟာ စင်္ကြံကနေ ထွက်သွားလိုက်ရင် နိုင်ငံတကာဖိအားတွေ ပြန်လာဖို့ ခက်လိမ့်မယ်လို့လည်း ဆိုပါတယ်။

အီဂျစ်နဲ့ ထိစပ်နေတဲ့ ဂါဇာကမ်းမြောင် တောင်ဘက်စွန်းရှိ ဖီလာဒယ်လ်ဖီ စင်္ကြံပြဿနာဟာ ဂါဇာမှာ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ဟားမတ်စ် ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံတွေကို ပြန်လည်ပေးအပ်ဖို့ ကြိုးပမ်းမှုမှာ အဓိကအတားအဆီး ဖြစ်နေတာပါ။

ဟားမတ်စ်က အစ္စရေးရဲ့ တည်ရှိမှုကို ငြင်းပယ်ထားပြီး နေတန်ယာဟုကလည်း အစ္စရေးတပ်တွေက ဂါဇာကမ်းမြောင်ကို လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို မှောင်ခိုသယ်ယူရာမှာ အသုံးပြုခဲ့တယ်လို့ ဆိုတဲ့ ဥမင်လိုဏ်ခေါင်း ဒါဇင်ပေါင်းများစွာကို တွေ့ရှိထားတဲ့ အဲဒီစင်္ကြံကို အစ္စရေးက စွန့်လွှတ်မှာမဟုတ်ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။

ဖီလာဒယ်လ်ဖီစင်္ကြံမှာ တပ်ချထားဖို့က နိုင်ငံရေး ဗျူဟာမြောက် အရေးအကြီးဆုံးကိစ္စ ဖြစ်တယ်လို့ နေတန်ယာဟုက ပြောပါတယ်။

ဟားမတ်စ်တွေက ဂါဇာကို မအုပ်ချုပ်တော့တဲ့အခါ ဂါဇာမှာ စစ်ပွဲအဆုံးသတ်မယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်လို့လည်း နေတန်ယာဟုက သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားသွားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013