Home
နိုင်ငံတကာ
အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်
DVB
·
September 3, 2024
Photo-Reuters

အမေရိကန်-တောင်ကိုရီးယား မဟာမိတ်နှစ်နိုင်ငံရဲ့ ရေတပ်နဲ့ မရိန်းတပ်ဖွဲ့တွေဟာ စက်တင်ဘာ ၂ ရက်မှာ ကုန်းရေ နှစ်သွယ် ဆင်းသက်လေ့ကျင့်ခဲ့ကြပါတယ်။

အရှေ့ပိုင်းမြို့ ပိုဟန်ရဲ့ ကမ်းလွန်ပင်လယ်ပြင်ထဲက ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို တိုက်ခိုက်ရေး အသင့်ဖြစ်နေစေဖို့နဲ့ အားကောင်းနေစေဖို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားရဲ့ ပို့ဆောင်ရေးသင်္ဘောကြီးတွေဖြစ်တဲ့ ဒိုခ်ဒိုနဲ့ မာရာဒို အပါအဝင် ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးယာဉ် အစီး ၄၀ ကျော်၊ လေယာဉ်နဲ့သင်္ဘော အစင်း ၄၀ ကျော်စီ အသီးသီးပါဝင်ခဲ့ကြပါတယ်။

အမေရိကန်စစ်တပ်ကလည်း USS Boxer ကုန်းရေနှစ်သွယ် ချေမှုန်းရေးသင်္ဘောကြီးကိုပါ နေရာချထားကြောင်း အတည်ပြုပါတယ်။

ဩဂုတ် ၂ ရက်ကနေ့ စက်တင်ဘာ ၇ ရက်အထိ ပြုလုပ်သွားမယ့် Ssang Yong 2024 အမည်ရ စစ်ရေးလေ့ကျင့်မှုကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တာပါ။

အခုလိုမျိုး ပုံမှန်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်မှာ ခံစစ်အနေအထား မြှင့်တင်နိုင်ဖို့နဲ့ ရေကြောင်း၊ ကုန်းကြောင်း စွမ်းဆောင်ရည်တွေ တိုးတက်လာစေဖို့ပဲ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ကွန်မန်ဒိုတပ်ဖွဲ့လည်း ပူးတွဲစစ်လေ့ကျင့်ရာမှာ ဒုတိယမြောက်နှစ်အဖြစ် ဆက်တိုက်ပါဝင်ခဲ့ပါတယ်။

မြောက်ကိုရီးယားကတော့ ဒါဟာ ပြုံယမ်းကိုကျူးကျော်ဖို့ အစမ်းလေ့ကျင့်နေတာ ဖြစ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024