ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို တင်ဆောင်လာတယ်လို့ ယူဆရတဲ့ ဗင်ကားတစီး ရဲအစောင့်အရှောက် အကြီးအကျယ် ခြံရံရင်း စက်တင်ဘာ ၂ ရက်က ဟောင်ကောင်တရားရုံးကို ရောက်လာပါတယ်။
ပြစ်ဒဏ်လျော့ပါးစေရေး နောက်ဆုံး အယူခံ အသနားခံစာကို တရားရုံးမှာ စတင်ကြားနာမှာ ဖြစ်ပြီး ၄ လကြာမှာ ဖြစ်ပါတယ်။
ဒီမိုကရက်တစ် လွှတ်တော်အမတ်ဟောင်း လင်ကျိုထင်၊ အယ်လ်ဗင် ယန်၊ ဂါရီဖန်နဲ့ ရေမွန် ချန်း၊ ဒီမိုကရေစီလိုလားသူ အိုဝမ်ချောင်နဲ့ သတင်းထောက်အဖြစ် ပြောင်းလဲခဲ့တဲ့ ဂွမ်းနက် ဟိုတို့ အပါအဝင် နောက်ဆုံးတရားခံ ၉ ယောက်က ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တရားရုံးမှာ အယူခံဝင် ကြားနာမှာ ဖြစ်ပါတယ်။
ကြားနာမှုလုပ်ငန်းစဉ် ပြီးဆုံးချိန်မှာ မြို့တော်အတွင်း အထူးခြားဆုံး အမျိုးသားလုံခြုံရေး ကိစ္စလို့ ယူဆရတဲ့ စီရင်ချက် ချမှတ်မယ့်ရက်ကို ကြေညာမှာ ဖြစ်ပါတယ်။ တရားခံတွေဟာ ထောင်ဒဏ် ၃ နှစ်ကနေ တသက်တကျွန်းအထိ ကျခံရမှာပါ။
ဒီမိုကရက်တစ် ၄၇ ယောက်အမှုလို့ လူသိများတဲ့ ဒီအမှုဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ တရားဝင်မဟုတ်တဲ့ အခြေခံရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ စွဲချက်တွေနဲ့ ပတ်သက်နေတာက အဓိကအချက်ဖြစ်ပြီး အစိုးရကို သွက်ချာပါဒလိုက်အောင် ရက်ရက်စက်စက် ကြံစည်မှုလို့ အစိုးရရှေ့နေတွေက တံဆိပ်ကပ်ထားပါတယ်။
Source-Reuters