Home
နိုင်ငံတကာ
လူမျိုးရေးခွဲခြားခံရသည့်အလှမယ် နိုင်ဂျီးရီးယား မယ်စကြဝဠာအဖြစ် အရွေးခံရ
DVB
·
September 2, 2024
Photo-Reuters

နိုင်ဂျီးရီးယား-တောင်အာဖရိက နှစ်နိုင်ငံသူ ခံယူထားတဲ့ ချီဒီမာ အဒက်စ်ရှီနာဟာ အငြင်းပွားစရာတွေနဲ့ လူမျိုးရေး ခွဲခြားတိုက်ခိုက်မှုတွေကြောင့် တောင်အာဖရိက မယ်ရွေးပွဲကနေ နုတ်ထွက်ပေးခဲ့ရပေမဲ့ ဩဂုတ် ၃၁ ရက်မှာ ကျင်းပတဲ့ နိုင်ဂျီးရီးယား မယ်စကြဝဠာရွေးပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။

မိဘနှစ်ပါးဟာ တောင်အာဖရိကမှာမွေးတာ မဟုတ်တဲ့အတွက် နိုင်ငံခြားသားဆန့်ကျင်ရေး တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရအပြီး အဒက်စ်ရှီနာဟာ ဩဂုတ်လအစောပိုင်း တောင်အာဖရိက မဲရွေးပွဲက နုတ်ထွက်ပေးခဲ့ရပါတယ်။

တောင်အာဖရိကမှာပဲ မွေး၊ တောင်အာဖရိကမှာပဲကြီးသူ ဖြစ်ပေမဲ့ ဖခင်က နိုင်ဂျီးရီးယားနွယ်ဖွား၊ မိခင်က မိုဇမ်ဘစ်နွယ်ဖွား ဖြစ်တဲ့အတွက် ဝင်ပြိုင်ခွင့် မပေးသင့်ဘူးလို့ ဝိုင်းဝေဖန်ကြတာကြောင့် ပြိုင်ပွဲက ထွက်ပေးခဲ့ရပါတယ်။

မိခင်ဖြစ်သူဟာ တောင်အာဖရိကနိုင်ငံသား ခံယူခွင့်ရဖို့ အချက်အလက် မသမာမှု လုပ်ခဲ့ကောင်း လုပ်ခဲ့နိုင်တယ်လို့ တောင်အာဖရိက ပြည်ထဲရေးက စွပ်စွဲခဲ့အပြီးမှာ အခြေအနေ ပိုရှုပ်ထွေးသွားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် အဒက်စ်ရှီနာဟာ နိုင်ဂျီးရီးယားမှာ တာရာဘာပြည်နယ် ကိုယ်စားပြု ဝင်ပြိုင်ပြီး ပြိုင်ဘက် ၂၄ ယောက်ကို အသာရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဒက်စ်ရှီနာဟာ နိုင်ဂျီးရီးယားနိုင်ငံကို ကိုယ်စားပြုပြီး ကမ္ဘာ့အဆင့် Miss Universe ပြိုင်ပွဲ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013