နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော်လာဂို့စ်မှာ စီးပွားရေးကျပ်တည်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို သြဂုတ် ၅ ရက်မှာ စတင်ခဲ့ပြီး နေ့လယ်ပိုင်းမှာ ဆန္ဒပြသူတွေက ဟင်းချက်အိုးအလွတ်တွေ၊ ခွေးတွေနဲ့အတူ ရောက်လာကြလို့ ဆန္ဒပြပွဲ အရှိန်တက်လာခဲ့ပါတယ်။
သြဂုတ် ၁ ရက်ကစတဲ့ ဆန္ဒပြပွဲတွေမှာ အနောက်အာဖရိကနိုင်ငံ နိုင်ဂျီးရီးယားက ဆန္ဒပြသူ တွေဟာ စီးပွားရေးကျပ်တည်းမှုနဲ့ ကျယ်ပြန့်တဲ့ မလုံခြုံမှုတွေကနေ သက်သာရာရဖို့ တောင်းဆိုခဲ့ကြပြီး သြဂုတ် ၁၀ ရက် အထိ ဆက်ဆန္ဒပြကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
သမ္မတတီနူဘူက ဆန္ဒပြပွဲတွေကို ဆိုင်းငံ့ထားပြီး တွေ့ဆုံဆွေးနွေးရေး တောင်းဆိုခဲ့ပေမဲ့ သမ္မတက သူတို့ရဲ့ တောင်းဆိုချက်တွေကို တစုံတရာ မဖြေရှင်းပေးလို့ ဆက်တောင်းဆို ဆန္ဒပြ သွားမယ်လို့ နိုင်ဂျီးရီးယား နိုင်ငံသားတွေက ပြောပါတယ်။
Source-Reuters