နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ဟာ သြဂုတ် ၃ ရက်မှာ မြို့တော် အဘူဂျာက အစိုးရရုံးတွေဆီ ချီတက်ဖို့ ကြိုးပမ်းသူတွေကိုလူစုခွဲဖို့ ဆန္ဒပြသူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။
ခါနိုပြည်နယ်မြောက်ပိုင်းမှာ လူတဦးထက်မနည်း လည်ပင်းမှာ ကျည်ဆန်ထိမှန်ခဲ့ပြီး ဆေးရုံဆီ အမြန်ပို့ခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ကြာသပတေးနေ့မှာ ဆန္ဒပြပွဲတွေပြင်းထန်လာချိန်မှာ လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့က တိုက်ရိုက်ပစ်ခတ်ခဲ့တယ်လို့လည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောပါတယ်။
လာဂို့စ်မြို့ရဲ့ စီးပွားရေးအချက်အချာကျတဲ့နေရာမှာ ဆန္ဒပြသူနဲ့ ဂီတပညာရှင် လူးဝစ် မန်းဒေးက နိုင်ဂျီးရီးယားမှာ လူနေမှုကုန်ကျစရိတ်မြင့်မားလို့ လူအများစုအတွက် ငှားရမ်းခနဲ့ လောင်စာဆီတွေကို မတတ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။
Source-Reuters