ဂျပန်နိုင်ငံအလယ်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းကို စက်တင်ဘာ ၁ ရက်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကနေ အဆင့်လျှော့ချလိုက်တဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ရှန်းရှန်းကြောင့် လူ ၇ ဦး သေဆုံးပြီး အိမ်ရာချီ ပျက်စီးခဲ့ပါတယ်။
ဩဂုတ် ၂၉ ရက်က တောင်ပိုင်းကမ်းရိုးတန်းကနေ ကုန်းမြေဆီကို မုန်တိုင်းဝင်ရောက်ပြီးတဲ့နောက် စံချိန်တင်မိုးရွာလို့ မြေပြင်လျော့ရဲတဲ့ အန္တရာယ်ပိုများလာတဲ့အတွက် ဂျပန်နိုင်ငံအနောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေက မြစ်တွေမှာ မြေပြိုတာ၊ ရေကြီးတာနဲ့ ဒီရေမြင့်တက်တာတွေကို ဂျပန်မိုးလေဝသ အေဂျင်စီက ဆက်လက်သတိပေးခဲ့ပါတယ်။
အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရှန်းရှန်းကြောင့် ဂျပန်နိုင်ငံ နေရာအနှံ့အပြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပြီး အနောက်တောင်ပိုင်း ကမ်းရိုးတန်းမြို့ မိယာ့ဇာ့ခိဟာ မုန်တိုင်း အပြင်းထန်ဆုံး တိုက်ခတ်တဲ့ ဒေသတွေထဲက တခု ဖြစ်လာပါတယ်။
အခုနှစ်ထဲမှာ ၁၀ ကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်း ရှန်းရှန်းဟာ ဩဂုတ် ၂၉ ရက် နိုင်ငံအနောက်တောင်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားပျော့သွားခဲ့ပါတယ်။
မီယာဇာကီမြို့မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး သစ်ပင်တွေ ပြိုလဲခဲ့ပါတယ်။ လမ်းတွေ ရေလျှံပြီး ရာချီတဲ့ အဆောက်အအုံတွေရဲ့ ခေါင်မိုးတွေ လုံး၀ ဒါမှမဟုတ် တစိတ်တပိုင်း ပြိုကျခဲ့ပါတယ်။
ဒေသန္တရအစိုးရရဲ့ အချက်အလက်တွေအရ ဩဂုတ် ၃၁ ရက်အထိ တိုင်ဖွန်းရှန်းရှန်းကြောင့် မီယာဇာကီမြို့မှာ နေအိမ် ၇၅၀ လောက် ပျက်စီးခဲ့ပြီး အများစုက လေပြင်းတိုက်လို့ ပျက်စီးခဲ့တာပါ။ ဒေသခံတွေ ဘယ်တော့ ပုံမှန်ပြန်ဖြစ်မလဲဆိုတာ မသေချာသေးပါဘူး။
တိုင်ဖွန်း ရှန်ရှန်းကြောင့် အခုအခါ ဂျပန်နိုင်ငံ တောင်ပိုင်းမှာ မိုးရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်နေတယ်လို့ သိရပါတယ်။
Source-Reuters