လွန်ကဲတဲ့ ရာသီဥတုကြောင့် သီးနှံတွေ ပျက်စီးပြီးတဲ့နောက် ဆန်ပြတ်လပ်မှုနဲ့ ရုန်းကန်နေရတဲ့ ဂျပန်နိုင်ငံဟာ သူ့အတွက် အဓိကကျပြီး အပူဒဏ်ခံနိုင်တဲ့ မျိုးကွဲအသစ်တွေကြောင့် အနာဂတ်ထောက်ပံ့ရေးဆိုင်ရာ လှုပ်ခတ်မှုတွေကို ရှောင်ရှားနိုင်ဖို့ မျှော်လင့် နေပါတယ်။
သိပ္ပံပညာဟာ အနာဂတ်ရှားပါးမှုကို ရှောင်ရှားနိုင်မယ်လို့ နိုင်ငံရဲ့ အပူဆုံးဒေသတွေထဲက တခုဖြစ်တဲ့ တိုကျိုမြို့မြောက်ဘက်က စိုင်တာ့မာ့စီရင်စုရဲ့ ဒေသန္တရအစိုးရက မျှော်လင့်ထားပြီး အပူချိန်ဒဏ်ခံနိုင်တဲ့ စပါးပင်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ နိုင်ငံတဝန်းက စီမံကိန်းအများ အပြားကို တွန်းအားပေးနေပါတယ်။
မျိုးကွဲတွေ ရဖို့ မတူညီတဲ့ စီရင်စုတွေက အပူဒဏ်ခံနိုင်တဲ့ ဂုဏ်သတ္တိ ရှိတဲ့ မတူညီတဲ့ မျိုးကွဲတွေကို ကျနော်တို့ သုံးတယ်လို့ စီရင်စုရဲ့ စိုက်ပျိုးရေး နည်းပညာသုတေသနစင်တာက ဆန် မျိုးကွဲထုတ်လုပ်ရေး အစီအစဉ်ကို စီမံခန့်ခွဲသူ နာအိုးတိုအိုအိုးခ ကပြောပါတယ်။
သုတေသီတွေဟာ ဂျပန်တဝန်းက မျိုးစေ့တွေကိုယူပြီး ပျိုးထောင်ရင်း ၀တ်မှုန်ကူးခဲ့တာပါ။ အပူချိန်မြင့်တက်လာတဲ့အထိ ခံနိုင်ရည်ရှိတဲ့ ဆန်မျိုးစုံကို ဖန်တီးဖို့ တွန်းအားပေးကြပါတယ်။
လက်ရှိ စမ်းသပ်ချက်တွေအရ ဆိုးရွားတဲ့ အခြေအနေတွေမှာ ဌာနက ဖန်တီးထားတဲ့ အရင်မျိုးကွဲ တွေထက် အရည်အသွေးပိုမြင့်တဲ့ သီးနှံကို သက်သေပြထားပြီးပါပြီ။
ပြီးခဲ့တဲ့ နွေရာသီမှာ အပူချိန်မြင့်မားမှုနဲ့ ခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် စပါးအထွက်နှုန်း ကျဆင်းပြီး စပါးအရည်အသွေး ပျက်စီးခဲ့ ပါတယ်။
ဒါကြောင့် ၂၅ နှစ်အတွင်း အနိမ့်ဆုံး သိုလှောင်မှုစာရင်းထဲမှာ ပါခဲ့တယ်လို့ တရားဝင် အချက်အလက်တွေက ပြဆိုထားပါတယ်။ ဂျပန်နိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ မှတ်တမ်းတလျှောက် စံချိန်တင် အပူဆုံး ဇူလိုင်လကို ရင်ဆိုင်ခဲ့ရပါတယ်။
Source-Reuters