တိုကျိုနဲ့ ဝါရှင်တန်တို့မှာ မကြာခင် ခေါင်းဆောင်မှု အပြောင်းအလဲတွေ ရှိနေပေမယ့်လည်း တောင်ကိုရီးယားဟာ ဂျပန်နဲ့ အမေရိကန်တို့နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတ ယွန်းဆွတ်ခ်ယိုးက သြဂုတ် ၂၉ ရက်မှာ ပြော ပါတယ်။
သမ္မတ ယွန်းက“ကမ့်ပ်ဒေးဗစ် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ဟာ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့အကြား အလွန်အရေးကြီးပြီး အင်ဒို-ပစိဖိတ်ဒေသနဲ့ ကမ္ဘာ့စီးပွားရေး လုံခြုံရေးအတွက်သာမက နိုင်ငံ ၃ နိုင်ငံ အပြန်အလှန် အကျိုးစီးပွားအတွက်ပါ အလွန်အရေးပါတာကြောင့် ခေါင်းဆောင်မှု အပြောင်းအလဲဟာ ဒီပူးပေါင်းဆောင်ရွက်မှုကို ပြောင်းလဲလိမ့်မှာ မဟုတ်ဘူး”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆောင်းဦးရာသီမှာ ဂျပန်ဝန်ကြီးချုပ်သစ်တစ်ဦး ရာထူးတာဝန်ယူတော့မယ်လို့ ထင်မြင်ရပြီး ဒီခေါင်းဆောင်မှု အခန်းကဏ္ဍကို ဘယ်သူက ဘယ်လိုပဲ တာဝန်ယူပါစေ တောင်ကိုးရီးယားနဲ့ ဂျပန်အကြား အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်ဆက်သွယ်မှုတို့ကို ဆက်လက်ထိန်းသိမ်းပြီး တိုးမြှင့်သွားဖို့ ကြိုးပမ်းသင့်ကြောင်းလည်း ပြောကြားသွားပါတယ်။
Source-Reuters