တရုတ်နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဝမ်ယိနဲ့ တရုတ်နိုင်ငံဆီ အလည်အပတ် ရောက်နေတဲ့ အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်တို့ဟာ တရုတ်-အမေရိကန် ဆွေးနွေးပွဲအသစ်ကို ကျင်းပခဲ့ပါတယ်။
နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ဘုံနားလည်မှုတွေကို တင်ပြတာဟာ ဆက်သွယ်ရေးရဲ့ အဓိကတာဝန်ပါလို့ မဟာဗျူဟာမြောက် ဆက်သွယ်ရေး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဝမ်ယိက တရုတ်မြို့တော် ဘေဂျင်းမှာ အင်္ဂါနေ့က ပြောပါတယ်။
တရုတ်- အမေရိကန် ဆက်ဆံရေးဟာ နှစ်နိုင်ငံ အနာဂတ်အပေါ် သက်ရောက်စေပြီး ကမ္ဘာကို လွှမ်းမိုးခဲ့တယ်၊ လွန်ခဲ့တဲ့ နှစ်နည်းနည်းအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးဟာ အလှည့်အပြောင်းတွေကို ဖြတ်သန်းခဲ့တယ်။
သမ္မတ ရှီကျင့်ဖျင်နဲ့ ဂျိုးဘိုင်ဒန်တို့ရဲ့ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်မှာ ဒီခရီးက အတွေ့အကြုံတွေကို အကျဉ်းချုပ်ပြီး သင်ခန်းစာယူသင့်တယ်လို့ ဝမ်က ပြောပါတယ်။
ဒီဆက်သွယ်ရေးဟာ ဗျူဟာမြောက်ပြီး ခိုင်မာအားကောင်းမယ်လို့ အမြဲတမ်းမျှော်လင့်တယ်လို့လည်း ဝမ်ယိက ပြောခဲ့ပြီး တချိန်တည်းမှာပဲ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးကို တွန်းအားပေးရာမှာ ပိုပြီး အပြုသဘောဆောင်သင့်တယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တရုတ်နိုင်ငံဆီ ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ ဆူလေဗန်က စဉ်းစားထားတဲ့ အစီအစဉ်တွေအတွက် တရုတ်ဘက်က ကျေးဇူးတင်တယ်လို့လည်း ဝမ်ယိက ပြောပါတယ်။
ဆူလေဗန်က "ပဋိပက္ခမှာ ပြိုင်ဆိုင်မှု မခံရအောင် ကျနော်တို့ လုပ်ဆောင်နေပြီး ကျနော်တို့ရဲ့ အကျိုးစီးပွားတွေ လိုက်လျောညီထွေဖြစ်စေမယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ဒါရိုက်တာ ဝမ်ယိက ရည်ညွှန်းတဲ့ ဗျူဟာမြောက် ခိုင်မာတဲ့၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး လိုအပ်တယ်။ ပြီးတော့ ကျနော်တို့ ဆက်ပြီး ကတိကဝတ်ပြုထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ဝမ်ယိရဲ့ ဖိတ်ကြားချက်အရ ဆူလေဗန်ဟာ သြဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံဆီ နိုင်ငံတော်ခရီးစဉ်နဲ့ ရောက်နေတာ ဖြစ်ပါတယ်။
Source-Reuters