Home
နိုင်ငံတကာ
ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း အီရှီဘ ပါတီခေါင်းဆောင်နေရာအတွက် ဝင်ပြိုင်မည် 
DVB
·
August 25, 2024
Photo - Reuters

ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂဲရိုအီရှီဘ က  လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ရွေးပွဲမှာ ဝင်ပြိုင်မယ်လို့ ဆိုပါတယ်။

ပါတီခေါင်းဆောင် ရွေးကောက်ပွဲကို စက်တင်ဘာ ၂၇ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ် ကီရှီဒါရဲ့ နေရာမှာ ဆက်ခံရမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ကီရှီဒါဟာ စက်တင်ဘာလမှာ ၃ နှစ်သက်တမ်း ကုန်ဆုံးမှာဖြစ်ကာ စက်တင်ဘာလမှာ ရာထူးကနေ ဆင်းပေးရမှာဖြစ်ပါတယ်။

ကီရှီဒါဟာ ပါတီခေါင်းဆောင် ရွေးချယ်ပွဲကို ဝင်ပြိုင်မှာမဟုတ်ကြောင်း ဩဂုတ် ၁၄ ရက်က ကြေညာထားတာလည်း ဖြစ်ပါတယ်။

ရှီဂဲရိုအီရှီဘဟာ  ၂၀၀၈ ၊ ၂၀၁၂ ၊ ၂၀၁၈ နဲ့ ၂၀၂၀ ခုနှစ်တို့တွင် ပါတီခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ခဲ့ဖူးပြီး အနိုင်ရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါဟာ အီရှီဘအတွက် ၁၉၈၆ ခုနှစ်က အောက်လွှတ်တော်မှာ ရွေးခံရပြီးနောက်ပိုင်း ၅ ကြိမ်မြောက် ကြိုးစားမှုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပါတီခေါင်းဆောင်ရာထူးအတွက် သူ့အတွက် နောက်ဆုံး အကြိမ်ကြိုးစားမှုလည်း ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ 

အီရှီဘဟာ ရိုက်တာနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဂျပန်နိုင်ငံရှိ ဘဏ်တွေရဲ့ အတိုးနှုန်းတိုးပေးမှုကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ သူက ငွေကြေးပေါ်လစီကို ပုံမှန်ထက် လျှော့ပေးခြင်းက ဈေးနှုန်းကျဆင်းကြောင်းနဲ့ စက်ရုံတွေရဲ့ ပြိုင်ဆိုင်မှုကို တိုးတက်စေတယ်လို့ ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013