Home
နိုင်ငံတကာ
ဂျပန်တွင် တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်၊ အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်
DVB
·
August 12, 2024
Strong wind, rain sweeps across Japan as Typhoon Maria makes landfall

တိုင်ဖွန်းမုန်တိုင်း မာရီယာဟာ သြဂုတ် ၁၂ ရက်မှာ ဂျပန်နိုင်ငံရဲ့ ကုန်းတွင်းကို ဝင်ရောက်ခဲ့လို့ ဂျပန်အရှေ့မြောက်ပိုင်းက လူထောင်ပေါင်းများစွာအတွက် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၅ အရေးပေါ်သတိပေးချက်ကို တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။

အိဝတဲ စီရင်စုက အိုဖုနတိုမြို့ရဲ့  လမ်းတွေပေါ်မှာ သစ်ပင်တွေ လဲကျခဲ့ပြီး အိမ်နီးနားချင်း မိယငိ စီရင်စုက ခဲဆဲင်းနုမမြို့မှာ အသင်းတိုက်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရေး စင်တာတွေအဖြစ် စီစဉ်ခဲ့ပါတယ်။

အိဝတဲ စီရင်စုက ခုဂျိမြို့မှာ တက်ခ် ဆည်ကို အရေးပေါ် ရေတွေဖောက်ချဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ပြီးတဲ့နောက် ဒေသခံ ၈,၃၀၀ အတွက် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ လူထုရုပ်သံ NHK က ဖော်ပြခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်းဟာ ဩဂုတ် ၁၂ ရက် မနက်အထိ ၄၈ နာရီအတွင်း စံချိန်တင် မိုးရေချိန် ၄၇၁ မီလီမီတာ (၁၈ ဒသမ ၅ လက်မ) အထိ ရွာသွန်းခဲ့တာပါ။

ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက စတင်မှတ်တမ်းတင်ချိန်ကနေ ခုထိ အများဆုံးမိုးရေချိန် ဖြစ်ခဲ့တယ်လို့ NHK က ပြောပါတယ်။

ရွှံ့မြေပြိုကျတာ၊ ရေကြီးတာ၊ လေပြင်းတိုက်တာနဲ့ လှိုင်းကြီးတာတွေ ဖြစ်တတ်တာကြောင့် သတိထားကြဖို့ မိုးလေဝသ တာဝန်ရှိသူတွေက ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013