အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ မြန်မာဆင်တွေကို လက်မခံဖို့ တောင်းဆိုကန့် ကွက်နေတဲ့ကြားကပဲ မြန်မာဆင် ၄ ကောင် ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ Mainichi Shimbun တင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ဆင်လေးကောင်ဟာ အသက် ၃ နှစ်ကနေ ၂၂ နှစ်ကြား အရွယ်တွေဖြစ်ပြီး အမ ၃ ကောင်နဲ့ အထီး ၁ ကောင်ပါဝင်ကာ ဇူလိုင် ၃၀ ရက်မှာ ဖူကူအိုကာ တိရစ္ဆာန်ရုံကို ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
ဒီပေးပို့မှုမတိုင်ခင်မှာ မြန်မာပြည်ကပေးပို့လာမယ့် ဆင်တွေကို လက်မခံဖို့ ဂျပန်မှာနေ ထိုင်တဲ့ မြန်မာနိုင်ငံသားတချို့က ဖူကူအိုကာတိရစ္ဆာန်ရုံကို တောင်းဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။
ဖူကူအိုကာမှာ နေထိုင်တဲ့ မြန်မာအမျိုးသမီး ၂ ဦးနဲ့ တိုကျိုမြို့နေ ဦးမြင့်ဆွေတို့က သူတို့ မွေးရပ်နိုင်ငံ မြန်မာပြည်က ဆင်တွေ လက်ခံတာကို ရွှေ့ဆိုင်းဖို့ တိရစ္ဆာန်ရုံကို ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ သွားရောက် တောင်းဆိုခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက သံတမန် ရေးရာ ရည်ရွယ်ချက်အတွက် တိရစ္ဆာန်တွေကို အသုံးပြုနေတာဖြစ်တယ်လို့ ပြောခဲ့တာပါ။
ဖူကူအိုကာတိရစ္ဆာန်ရုံဘက်ကတော့ မြန်မာနိုင်ငံက အာရှဆင် ၄ ကောင်ကို ဇူလိုင်လမှာ လက်ခံဖို့ စီစဉ်ထားပြီး ဒီတောင်းဆိုမှုကို ငြင်းဆန်ခဲ့ပြီးနောက်မှာပဲ ခုလိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဂျပန်တိရစ္ဆာန်ရုံဘက်က အခုအချိန် ဆင်တွေကို လက်ခံတာက မွေးမြူရေးနဲ့ ဆင်တွေရဲ့ ဇီဝဗေဒဆိုင်ရာ သုတေသနပြုမှုအတွက် ရည်ရွယ်တဲ့ နှစ်နိုင်ငံကြား အပြန်အလှန်အ ကျိုးသက်ရောက်မှုတခုဖြစ်တယ်လို့ ပြောထားသလို ဆင်လက်မခံဖို့တိုက်တွန်းခဲ့တဲ့ မြန် မာနိုင်ငံသားတွေက “အရင်တုန်းက နိုင်ငံချင်း သံတမန် နည်းလမ်းအရ ဆင်တွေ ပို့ပေးခဲ့ တာကို အခွင့်ကောင်း ယူပြီးတော့ စစ်အစိုးရက လုပ်ဆောင်နေတာပါ။ ဒီတစ်ကြိမ်မှာလည်း သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ်အတွက် ဆင်တွေ ပေးပို့မှု အများဆုံးဖြစ်အောင် ကြိုးစားနေတာ”လို့ ပြောထားပါတယ်။
ဖူကူအိုကာတိရစ္ဆာန်ရုံဘက်ကတော့ မြန်မာနိုင်ငံက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နဲ့ တိရစ္ဆာန်တွေ ဖလှယ်ရေးဆိုင်ရာ စာချွန်လွှာကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ သဘောတူညီခဲ့ပြီး တိရစ္ဆာန်ရုံအနေနဲ့ ဆင်တွေကို သူတို့ပတ်ဝန်းကျင်အသစ်မှာ ချောချောမွေ့မွေ့ လိုက်လျောညီထွေ နေထိုင်နိုင်မယ်ဆိုရင် လာမယ့် အောက်တိုဘာလထဲမှာ အများပြည်သူကို ပြသဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၉၅၃ ခုနှစ်ကတည်းက တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ အဆိုပါ တိရစ္ဆာန်ရုံမှာတော့ အာရှဆင်တွေကို ထိန်းသိမ်းပြသထားရာကနေ ၂၀၁၇ ခုနှစ်မှာ အသက် ၄၆ နှစ်အရွယ် ဆင်မကြီး ဟန်နကို သေဆုံးသွားပြီးတဲ့နောက် တကောင်မှ မရှိတော့တာ ဖြစ်ပါတယ်။
Source:Mainichi