တရုတ်နိုင်ငံကို ရေပိုင်နက်ဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဆိုးဆိုးရွားရွား ဝေဖန်တိုက်ခိုက်ခဲ့တဲ့အပြင် တရုတ်ရဲ့ ပုံမှန် စစ်ရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ကာကွယ်ရေးမူဝါဒကို လက်ညှိုးထိုးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်မှာ ပြောပါတယ်။
တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်ထဲမှာ တရုတ်အစိုးရရဲ့ ရန်စတဲ့ အပြုအမူ၊ ရုရှားနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်တာတွေနဲ့ တရုတ်ရဲ့ နျူကလီးယားလက်နက်တိုက်တွေကို အရှိန်အဟုန်နဲ့ ချဲ့ထွင်တာတွေကို ဝန်ကြီးဌာနက မှတ်ချက်ပေးပြီးတဲ့နောက် အမေရိကန်နဲ့ ဂျပန်တို့က ဝေဖန်ခဲ့ကြပါတယ်။
ပူးတွဲထုတ်ပြန်ချက်ဟာ တာဝန်မဲ့ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို “ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်တာပဲ” လို့ တရုတ်ပြည်မကြီး အစိုးရရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတရပ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောပါတယ်။
အမေရိကန်နဲ့ ဂျပန်ခေါင်းဆောင်တွေဟာ ၂၀၂၅ ခုနှစ် မတ်လမှာ သူတို့တပ်ဖွဲ့တွေအတွက် ပူးတွဲကွပ်ကဲမှုတရပ် ထူထောင်ဖို့ ဂျပန်အစိုးရရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့အပြိုင် အကောင်အထည်ဖော်မယ့် စစ်တပ် ဖွဲ့စည်းပုံအသစ်ကို ဇူလိုင် ၂၈ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။
Source-Reuters