တရုတ်နိုင်ငံအရှေ့ပိုင်း ဖှုကျန်းပြည်နယ်မှာ နျူးကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံရဲ့ ဒုတိယအဆင့်ကို စတင် ဆောက်လုပ်နေပါတယ်။
နင်းတာစက်ရုံဟာ ဖှုကျန်းရဲ့ ပထမဆုံး နျူးကလီးယားစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံပါ။ အဆင့် ၂ ဆင့်အတွင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်သန်းချီ ထုတ်လုပ်ဖို့ နျူးကလီးယား ဓာတ်ပေါင်းဖို ၆ ခု ထားရှိဖို့ စီစဉ်ထားပါတယ်။
ပထမ ၄ ပိုင်းကို ၂၀၀၈ ခုနှစ်က စတင်ဆောက်လုပ်ပြီး ၂၀၁၆ မှာ စက်ရုံလည်ပတ်ခဲ့တာပါ။ အဆင့် ၅ နဲ့ ၆ နှစ်ဆင့်ကိုတော့ ၂၀၂၃ ဇူလိုင် ၃၁ မှာ အတည်ပြုခဲ့ပါတယ်။
သူတို့ကို ပြည်တွင်းမှာတင် ပုံစံထုတ်ထားတဲ့ မျိုးဆက် ၃ နျူးကလီးယားဓာတ်ပေါင်းဖို ဟွာလောင်ဝမ်းအတွက် သုံးမှာပါ။
ဒါဟာ ကမ္ဘာ့ဈေးကွက်မှာ အပြိုင်အဆိုင်အရှိဆုံး နျူစွမ်းအင်မော်ဒယ်တွေထဲက တခုဖြစ်ပါတယ်။
လူတသန်းရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ စက်ရုံအပိုင်းတပိုင်းစီကနေ နှစ်စဉ် လျှပ်စစ် တနာရီကို ကီလိုဝပ် ၁၀ ဘီလီယံနီးပါး ထုတ်လုပ်ဖို့ မျှော်လင့်ထားပါတယ်။
အဆင့်မြင့် ဆောက်လုပ်ရေးနည်းပညာတွေကို သုံးမှာဖြစ်ပြီး နျူးကလီးယားစွမ်းအင် စီမံကိန်း တည်ဆောက်ရာမှာ အရည်အသွေးမြင့်တာ သေချာစေမယ်လို့လည်း ဆိုပါတယ်။
နင်းတာစက်ရုံရဲ့ အဆင့် ၅ နဲ့ ၆ တို့ဟာ ဖှုကျန်းပြည်နယ်ရဲ့ သန့်ရှင်းတဲ့စွမ်းအင်သုံးစွဲမှုကို ထပ်တိုးစေလိမ့်မယ်လို့လည်း တရုတ်အစိုးရရုပ်သံ CCTV က ကြေညာခဲ့ပါတယ်။
Source-Reuters