Home
နိုင်ငံတကာ
ပင်လယ်ရေကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများ တိုကျိုတွင် ဆွေးနွေး
DVB
·
July 29, 2024
Photo - REUTERS/Issei Kato

Quad အဖွဲ့လို့ လူသိများတဲ့ ၄ နိုင်ငံ မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်တို့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင် ၂၉ ရက်က ဂျပန်မြို့တော် တိုကျိုမှာ တွေ့ဆုံပြီး ပင်လယ်ရေကြောင်း လုံခြုံရေးနဲ့ ဆိုက်ဘာကာကွယ်ရေးကို အာရုံစိုက်ဖို့ ရည်ရွယ်ဆွေးနွေးခဲ့ကြပါတယ်။

သြစတြေးလျနိုင်ငံက ပန်နီဝေါင်း၊ အိန္ဒိယက ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ၊ ဂျပန်နိုင်ငံက ယိုခို ခါမိခဝနဲ့ အမေရိကန်က အန်တိုနီ ဘလင်ကန်တို့ အစည်းအဝေး တက်ခဲ့ကြပါတယ်။

ဂျပန်နဲ့ အမေရိကန်အစိုးရတို့ကြား လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ဇူလိုင် ၂၈ ရက်မှာ ကျင်းပအပြီး ၄ နိုင်ငံ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့တာပါ။

မဟာမိတ်တွေက တရုတ်နိုင်ငံကို ဒေသတွင်းမှာ ရင်ဆိုင်နေရတဲ့ “အကြီးမားဆုံး မဟာဗျူဟာ စိန်ခေါ်မှု” လို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။

ဆိုက်ဘာလုံခြုံရေးစွမ်းရည်ကို မြှင့်တင်ဖို့နဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်း သာယာဝပြောမှုကို ကာကွယ်ဖို့၊ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ရေး အခွင့်အလမ်းတွေ ပေးဖို့ လိုတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခါမိခဝက သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ အလေးပေး ပြောကြားပါတယ်။

အမေရိကန်က မဟာမိတ်တပ်ဖွဲ့တွေနဲ့ နက်နက်ရှိုင်းရှိုင်း ညှိနှိုင်းဆောင်ရွက်ဖို့ ဂျပန်နိုင်ငံထဲက စစ်ရေးကွပ်ကဲမှုကို ကြီးကြီးမားမား ပြန်ပြင်ဖို့ အစီအစဉ်ရှိတယ်လို့ တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်ဟာ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ထဲက တင်းမာတဲ့ ရေကြောင်းသွားလာရေး အပါအဝင် တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှု အမျိုးမျိုးကို သတိပြုမိတဲ့ အမေရိကန်နဲ့ ဂျပန်တို့က တိုးတက်ပြောင်းလဲနေတဲ့ လုံခြုံရေး အခင်းအကျင်းတရပ်ကို ကိုင်တွယ်ဖြေရှင်းတဲ့ ဆောင်ရွက်ချက်တွေ အများကြီးထဲက တရပ် ဖြစ်လာပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013