တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်က မြစ်တစင်းမှာ ရေတားတမံတခု ကျိုးသွားအပြီး ဒေသခံ အယောက် ၃၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတယ်လို့ အစိုးရရုပ်သံ စီစီတီဗီက ဇူလိုင် ၂၉ ရက်မှာ သတင်းထုတ်ပါတယ်။
တိုင်ဖွန်မုန်တိုင်း ဂေမီကြောင့် နေ့စဉ်ရက်ဆက် မိုးကြီးနေလို့ ရုတ်တရက် ရေလွှမ်းချိန်မှာ တမံကျိုးခဲ့တာပါ။
ရှန်းတန်မြို့က ပေ၂၅၀ လောက် ကျိုးပေါက်သွားတဲ့ တမံကို ပြန်ပိတ်ဖို့နဲ့ သောင်တင်နေတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးသမား အယောက် ၁၀၀၀ လောက်ကို တာဝန်ချထားခဲ့ရပါတယ်။
တရုတ်အရှေ့မြောက်ပိုင်းက မြောက်ကိုရီးယားနဲ့ နယ်စပ်မြို့ဖြစ်တဲ့ တန်းတုံးမြို့ထဲ ရေဝင်မလာအောင် ယာလူမြစ်ကို ဟန့်တားဖို့ ရေတံခါး ၄၅ ခုကို အာဏာပိုင်တွေက တပ်ဆင်ထားပါတယ်။
ထိုင်ဝမ်မှာ လူဒါဇင်ချီ သေဆုံးစေခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ ဖိလစ်ပိုင် မိုးရာသီကို ပိုဆိုးစေခဲ့ပြီး တရုတ်နိုင်ငံ ဖှုကျန်းပြည်နယ်ထဲက လူ ၆ သိန်းခွဲလောက်ကို သက်ရောက်ခဲ့တာပါ။
လူ ၃ သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတယ်လို့ အစိုးရ သတင်းဌာန ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
Source-Reuters