တိုက်ဖွန်းမုန်တိုင်း ရှန်းရှန်းကြောင့် ဂျပန်နိုင်ငံမှာ လူ ၆ ဦး သေဆုံးကြောင်း NHK သတင်းဌာနက ဖော်ပြပါတယ်။
ရှန်းရှန်းဟာ ဩဂုတ် ၃၁ အထိ ဆက်လက်အားကောင်းနေလို့ ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းနေပါ တယ်။
မုန်တိုင်းရဲ့ အလည်ဗဟိုနဲ့ မိုင်ရာနဲ့ချီဝေးတဲ့နေရာတွေမှာ ရေကြီးမှု သတိပေးချက်တွေ ထုတ်ပြန် ထားပြီး မြေပြိုမှုတွေလည်း ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
ရှန်းရှန်းမုန်တိုင်းကြောင့် လူ ၁၂၅ ဦး ဒဏ်ရာရခဲ့ပြီး ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ NHK က ဖော် ပြပါတယ်။
မုန်တိုင်းကြောင့် စနေနေ့ လေယာဉ် ပျံသန်းမှု ဒါဇင်ချီပြီး ဖျက်သိမ်းကြောင်း နီပွန်လေကြောင်း လိုင်းနဲ့ ဂျပန်လေကြောင်းလိုင်းတို့က ကြေညာထားပါတယ်။
နီပွန်လေကြောင်းလိုင်းဟာ ကြာသပတေးနဲ့ သောကြာနေ့တွေမှာလည်း ပြည်တွင်းခရီးစဉ် ၄၀၀၀ ကျော်နဲ့ ပြည်ပခရီးစဉ် ၄ ခုကို ဖျက်သိမ်းခဲ့ရပြီး ခရီးသွား ၄၄၀၀၀ ကျော် ရဲ့ ခရီးစဉ်တွေ ရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။
နာဂိုယာမြို့လယ်ကနေ ရှီဇူအိုကာစီရင်စုကြား ပြေးဆွဲတဲ့ ကျည်ဆံရထားအပါအဝင် ရထား ပြေးဆွဲမှုတွေကိုလည်း စနေနေ့မနက်က ရပ်ဆိုင်းထားခဲ့တာတွေ့ရပါတယ်။
တိုင်ဖွန်းရှန်းရှန်းဟာ တိုင်ဖွန်းအမ်ဖီလ်နောက်ပိုင်း ဂျပန်နိုင်ငံမှာ တိုက်ခတ်တဲ့ မုန်တိုင်းတွေအနက် အပြင်းထန်ဆုံးဖြစ်ပါတယ်။
မုန်တိုင်းကြောင့် လျှပ်စစ်မီးပျက် တောက်မှုတွေဖြစ်သလို ဒီလအစောပိုင်းကတည်းက ဘေးလွတ်ရာ ကို ရွှေ့ပြောင်းမှုတွေပြုလုပ်ခဲ့ရပါတယ်။
Source-Reuters