Home
မြန်မာသတင်း
ရန်ကုန် ဇီးရိုးမိုင်ဂိတ်တွင် ရှမ်းပြည်ကလာသူများကို တင်းကျပ်စစ်ဆေးနေ
DVB
·
September 1, 2024

ရန်ကုန်အဝင် ဇီးရိုးမိုင်ဂိတ်မှာ ရှမ်းပြည်ကနေ လာရောက်တဲ့သူတွေကို ကားပေါ်က ဆင်းခိုင်းပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။

လုံခြုံရေးချထားတဲ့ စစ်သားတွေက ရှမ်းပြည်ကိုယ်စားပြု နိုင်ငံသားစိစစ်ရေးကတ် ၁၃ မျဉ်းစောင်းကိုင်ထားသူတွေကို အဓိကထား စောင့်ကြည့်စစ်ဆေးနေတာလို့ ဆိုပါတယ်။

ကိုယ်တိုင်တွေ့မြင်ခဲ့သူတယောက်က “၁၃ မျဉ်းစောင်းသမားတွေဆို ကားပေါ်က ဆင်းရတယ်။ ပြီးရင် တယောက်ချင်းကို စစ်တာ၊ ဖုန်းတွေလည်းပြရတယ်။ အရင်အခေါက်တွေတုန်းက အဲဒီလောက်မဟုတ်ဘူး၊ ဒီရက်ထဲမှာ အသေစစ်တာ” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဆက်တိုက်ဖြစ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ရန်ကုန်မြို့ကို ဆက်တိုက် ရွှေ့ပြောင်းတိမ်းရှောင်ကြရပါတယ်။

အဲဒီလိုတိုက်ပွဲ တိမ်းရှောင်လာသူတွေအနေနဲ့ တည်းခို နေထိုင်မယ်ဆိုရင် ကိုယ်ရေးအချက်အလက်တွေ ပေးပို့ရမယ်ဆိုပြီး ရန်ကုန်တိုင်းအတွင်း ရပ်ကွက်ရုံးတချို့က ကြေညာထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ကိုင်နဲ့ မကွေးမှာ တိုက်ပွဲတွေ ပြင်းထန်ချိန်ကလည်း အဲဒီဒေသကနေ လာရောက်တဲ့ ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ကြပ်မတ်စစ်ဆေးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024