Home
မြန်မာသတင်း
ထီးလင်းမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး စနိုက်ပါသေနတ် ၁ လက်နှင့်အတူ အလင်းဝင်
DVB
·
August 30, 2024
Photo Crd-YRA-ထီးလင်း

မကွေးတိုင်း၊ ထီးလင်းမြို့က စစ်ကောင်စီတပ်သား တယောက်ဟာ စနိုက်ပါသေနတ် တလက်ယူဆောင်ပြီး ဩဂုတ် ၂၈ ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ Yaw Revolution Army (YRA-ထီးလင်း) ဆီကနေ သိရပါတယ်။

YRA-ထီးလင်း ပြန်ကြားရေးတာ၀န်ခံတဦးက “အလင်း၀င်လာတဲ့သူက ထီးလင်းမြို့ပေါ်က သူတို့ အထိုင်တပ်မှာ တာ၀န်ကျတဲ့ စစ်ကောင်စီတပ်ဘက်က တပ်သားအဆင့် ဟိန်းသူအောင်ဟာ စနိုက်ပါသေနတ် ၁ လက်နက်အတူ ကျနော်တို့ ဂန့်ဂေါခရိုင် YRA ထီးလင်းဆီကို အလင်း၀င် ရောက်လာခဲ့တာ”လို့ DVB ကို ပြောပါတယ်။

အလင်း၀င်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ဟိန်းသူအောင်ဟာ သူ့အထက်အရာရှိ တပ်ကြပ်ကြီး ကိုင်ဆောင်တဲ့ MAS အမျိုးအစား စနိုက်ပါသေနတ်ကို ယူဆောင်ပြီး ကျည်ဆန် တချို့နဲ့အတူ အလင်း၀င်ရောင်လာခဲ့တာပါ။

YRA-ထီးလင်း တာ၀န်ခံ တဦးက“ကျနော်တို့ဆီကို စနိုက်ပါသေနတ်နဲ့ ကျည်တွေအပ်နှံပြီး အလင်း၀င်လာတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကလည်း ဟိန်းသူအောင်ကို ငွေ ကျပ် ၆၅ သိန်း ချီးမြင့်ပေးခဲ့ပြီး လွတ်မြောက်နယ်မြေတခုကို ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် တာ၀န်ထမ်းဆောင်နေရတာမဟုတ်ဘဲ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မိသားစုကို ကာကွယ်နေရတာဖြစ်လို့  ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းကာ ပြည်သူ့ဘက်ကို မျက်နှာမူပြီး အလင်း၀င်ရောက်ကြဖို့ YRA-ထီးလင်းက ဖိတ်ခေါ် တိုက်တွန်းထား ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013