Home
မြန်မာသတင်း
တိုက်ပွဲတွင် သေဆုံးခဲ့သည့် ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၇ ဦးကို အမိန့်စာမဖတ်ဘဲ မီးသင်္ဂြိုဟ် 
DVB
·
August 27, 2024
Photo - CJ

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ အေးငြိမ်းရာသုသာန်မှာ တိုက်ပွဲအတွင်း သေဆုံးခဲ့သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ၁ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၇ ဦးတို့ကို မီးသင်္ဂြိုဟ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၆ ရက် မနက်မှာ မီးသင်္ဂြိုဟ်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ လိုက်ပါပို့‌ဆောင်ခွင့်မရခဲ့သလို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပြန်ကြောင်း အမိန့်စာလည်း မဖတ်ကြားဘဲ အလောင်းတွေကို မီးသင်္ဂြိုဟ်လိုက်တယ်လို့ မြို့ခံတယောက်က ပါတယ်။

“သင်္ဂြိုဟ်စက်က ဝန်ထမ်းတွေနဲ့ ပရဟိတအဖွဲ့ဝင် တချို့ကိုခေါ်ပြီး သင်္ဂြိုဟ်ခိုင်းတာ။ သူတို့က (စစ်ကောင်စီတပ်ဖွဲ့ဝင်) ကားနဲ့ အလောင်းတွေ လာပို့တယ်။ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး ပြောပြီး တန်းပြန်သွားတာ။ ဓာတ်ပုံမရိုက်ရဘူး၊ မြန်မြန်သင်္ဂြိုဟ် သတင်းမပေါက်ကြားစေနဲ့ အဲဒီလို ပြောပြီးပြန်သွားတာ။” 

သေဆုံးသူတွေက ဝက်ထီးကန်မြို့ ဝိုင်းချောင်းကျေးရွာအနီး ဩဂုတ် ၂၂ ရက်က ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအတွင်း သေဆုံးခဲ့သူတွေ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တော့ စကစကကောင်တွေ အတော်ထိသွားတယ်။ ကျနော်တို့ဘက်ကလည်း ဒဏ်ရာရတာတွေ‌တော့ ရှိတယ်။ နောက်မှ သိရတာက စစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်တွေကို စစ်ယူနီဖောင်း ဝတ်ခိုင်းပြီး တိုက်ခိုင်းတာလို့ သိရတယ်။ တိုက်ပွဲမှာ စစ်ကောင်စီက ဗိုလ်ကြီးအဆင့်လောက်ပဲ ပါတယ် တပ်သား မပါဘူး၊ အဲဒါကြောင့် ရဲတွေ အများဆုံးသေတာ။” 

ဗိုလ်ကြီးတယောက်နဲ့ ရဲတပ်ဖွဲ့ ၁၇ ဦးတို့အလောင်းတွေကို ခုတင်-၁၀၀ စစ်ဆေးရုံမှ တင်ဆောင်လာပြီး စုပြုံ မီးသင်္ဂြိုဟ်ခဲ့ကာ ဘာသာရေးထုံးတမ်းစဉ်လာလည်း လုပ်ဆောင်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013