Home
မြန်မာသတင်း
ထန်တလန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
July 26, 2024

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတဦးနဲ့ ရဲတပ်ဖွဲ့ဝင် တပ်သားတဦးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇူလိုင် ၂၅ ရက်က အလင်းဝင်လာကြတယ်လို့ Chinland Defense Force (Thantlang) ကနေ သိရပါတယ်။

Chinland Defense Force (Thantlang) ရဲ့ တာဝန်ခံတဦးက “အခုအလင်းဝင်လာသူတွေက တပ်သားအဆင့်တွေပါ။ သူတို့ ၂ ယောက်လုံးက စစ်ကောင်စီတပ်အောက်မှာ တာဝန်မထမ်းဆောင်ချင်ကြတော့လို့ ကျနော်တို့ရဲ့ တော်လှန်ရေးမှာ ပါဝင်မယ်ဆိုတဲ့ ဝန်ခံကတိလက်မှတ်တွေကို သူတို့ကိုယ်တိုင်ထိုးပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ဆီမှာ အလင်းဝင်ကြတာပါ” လို့ DVB ကို အတည်ပြု ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်သား ၂ ဦးဟာ MA 2 သေနတ် ၁ လက်၊ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆန် ၁၈၅ တောင့်၊ Grenade ၁ ခု၊ ၄၀ မမ ကျည် ၂ ခု၊ ကျည်ကာအင်္ကျီ ၁ ခုတို့နဲ့အတူ အလင်းဝင်ရောက်လာကြတာလို့ ဆိုပါတယ်။

သူတို့ ၂ ဦးလုံးကို ချင်းပြည်နယ်အစိုးရက သိန်း ၅၀ စီ ချီးမြှင့်ပေးလိုက်ပြီး စိတ်ချလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထား​တယ်လို့ Chinland Defense Force (Thantlang) ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ပြီး ပြည်သူ့တော်လှန်ရေးမှာ ပါဝင်နိုင်ကြဖို့အတွက် အမြဲကြိုဆိုနေတယ်လို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013