လီဗာပူးတိုက်စစ်မှူး ဒါဝင်နူညက်ဇ်အပါအဝင် ဥရုဂွေးကစားသမားတချို့ဟာ ပွဲပယ်ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲလပိုင်းက ကိုလံဘီယာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အပြီးမှာ တိုက်စစ်မှူး နူညက်ဇ်နဲ့ ကစားသမားတချို့ဟာ ပွဲကြည့်စင်ပေါ်က ကိုလံဘီယာပရိသတ်တွေနဲ့ စကားများ ရန်ဖြစ်ခဲ့ကြတာပါ။
အဲဒီဖြစ်ရပ်ကို ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ပရိသတ်တဦးကို ထိုးကြိတ်ခဲ့တဲ့ ဒါဝင်နူက်ဇ်ကို နိုင်ငံတကာပွဲစဉ် ၅ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
ဒါ့အပြင်ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။ စပါးကွင်းလယ်လူ ဘန်တန်ကာကိုလည်း ၄ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နာပိုလီ၊ ဘာစီလိုနာနဲ့ အက်သလက် တီကိုအသင်းတွေက ဥရုဂွေးကစားသမားတွေဟာလည်း ၃ ပွဲပယ် ပြစ်ဒဏ်တွေနဲ့ ဒဏ်ရိုက်ခံခဲ့ရ ပါတယ်။
Photo-Reuters