ဘရာဇီးအသင်းကို ပြုပြင်တည်ဆောက်နေဆဲကာလဖြစ်လို့ စိတ်ရှည်ပေးကြဖို့ နည်းပြ ဒိုရီဗယ် ဂျူနီယာက တောင်းဆိုသွားပါတယ်။
ဘရာဇီးအသင်းဟာ ကိုပါအမေရိကဖလားကွာတားဖိုင်နယ်မှာ ဥရုဂွေးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွါခဲ့ရတာပါ။
ဘရာဇီး အသင်းကိုပိုမိုကောင်းမွန်လာဖို့အတွက် အရေးပါတဲ့ ပြုပြင်တည်ဆောက်မှုတွေ လုပ်ဆောင်နေကြောင်း၊ အသင်းကို ၈ ပွဲသာ ကိုင်တွယ်ရသေးတာကြောင့် ရှေ့ဆက်သွားဖို့ လိုအပ်ပြီး စိတ်ရှည်သည်းခံပေးကြဖို့ နည်းပြဒိုရီဗယ်က ပြောသွားပါတယ်။
ဘရာဇီးအသင်းအနေနဲ့ ခြေစွမ်းတိုးတက်လာဦးမယ်ဆိုတာ သေချာပြီး လတ်တလော အဓိကရည်မှန်းချက်က ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ဖြစ်တယ်လို့ နည်းပြ ဒိုရီဗယ်က ပြောသွားပါတယ်။