အင်္ဂလန်အသင်းဟာ ဆွစ်ဇာလန်နဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ၃-၅-၂ ကစားကွက်ကို ပြောင်းလဲ အသုံးပြုသွားဖို့ရှိပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ၄-၂-၃-၁ ကစားကွက်ကို သာပွဲထွက်အသုံးပြုခဲ့ပြီး ဆလိုဗက်ကီးယားနဲ့ပွဲချိန်တချို့မှာ ၃-၅-၂ ကစားကွက် ပြောင်းလဲကစားခဲ့ပြီး ပုံစံကောင်းပြသနိုင်ခဲ့တာပါ။
ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ ဗဟိုနောက်ခံလူ ဂေဟီက ပွဲပယ်ခံထားရတာကြောင့် ကွန်ဆာ၊ ဂျွန်စတုန်းစ်၊ ဝေါ်ကာ သုံးယောက်တွဲခံစစ်ကို ပွဲထွက်ဖို့ နည်းပြ ဆောက်ဂိတ်ကပြင်ဆင်ထားတာပါ။
တောင်ပံအစွန်တွေမှာတော့ ဘူကာရိုဆာကာနဲ့ ထရစ်ပီယာ၊ ကွင်းလယ်အထိုင်မှာ ဒက်ကလန်ရိုက်စ်နဲ့ ကိုဘီမိန်နူးတို့ကို ပွဲထွက်ဖို့ရှိပါတယ်။
တိုက်စစ်ပိုင်းမှာ ဖိုဒမ်၊ ဘယ်လင်ဂမ်တို့ကို ဟယ်ရီကိန်းရဲ့ နောက်မှာ ထားပြီး ပွဲထွက်ကစားစေမယ်လို့သိရပါတယ်။ ဆွစ်နဲ့ပွဲမှာ နည်းပြဆောက်ဂိတ်အတွက် အင်္ဂလန်နည်းပြဘ၀ ပွဲ၁၀၀ ပြည့်မြောက်တဲ့ပွဲစဉ်ဖြစ်ပါ တယ်။