Home
အားကစား
ဥရုဂွေးနောက်ခံလူ ကွင်းအတွင်း လဲကျပြီးနောက် ကွယ်လွန်
DVB
·
August 28, 2024
Photo -REUTERS

ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ပွဲမှာ ဥရုဂွေးနောက်ခံလူ အစ်ကွီရာဒိုဟာ နှလုံးရောဂါကြောင့် ပွဲကစားချိန်အတွင်း လဲကျခဲ့ပြီးနောက် ကွယ်လွန်ခဲ့ကြောင်း နာစီယွန်နယ်အသင်းက ထုတ်ပြန်ပါတယ်။

အစ်ကွီရာဒိုဟာ ပွဲကစားချိန် ၈၄ မိနစ်မှာ တခြားကစားသမားတွေနဲ့ ထိခိုက်မှု မရှိဘဲ လဲကျခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ရှိ အစ်ကွီရာဒိုဟာ ဆော်ပေါ်လိုအသင်းနဲ့ ဩဂုတ် ၂၂ ရက်က ကစားခဲ့တဲ့ပွဲမှာ ကွင်းအတွင်း လဲကျခဲ့ပြီးနောက် ဆေးကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။

“ဒီအဖြစ်အပျက်က အရမ်းဝမ်းနည်းဖို့ကောင်းတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။

ကလပ်အသင်းအနေနဲ့လည်း အစ်ကွီရာဒို ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး ဝမ်းနည်းစရာ အဖြစ်အပျက်တခုအဖြစ် ကြေညာထားပါတယ်။

အစ်ကွီရာဒိုရဲ့ မိသားစုနဲ့ မိတ်ဆွေတွေအပါအဝင် သူ့ကို ချစ်တဲ့လူအားလုံးကို ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။

သူ့ကို ဆုံးရှုံးခဲ့တာက အသင်းအတွက် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှု တခုပါလို့ နာစီယွန်နယ်အသင်း က ပြောပါတယ်။

အဲ့ဒီနေ့က နာစီယွန်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ဆော်ပေါ်လိုအသင်းကလည်း ဒီနေ့ဟာ ဘောလုံးလောကအတွက် ဝမ်းနည်းစရာနေ့ တနေ့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ကွင်းတွင်းမှာ လဲကျခဲ့တဲ့ အစ်ကွီရာဒိုကို အရေးပေါ် ကုသမှုတွေ ပြုလုပ်ခဲ့ရပြီးနောက် ဆေးရုံကို ပို့ခဲ့ရတာဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013