လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်းဟာ အခုနှစ်ရာသီမှာ မတူညီတဲ့ နောက်ခံလူလေးဦးကို ၂၇ ကြိမ်အထိ ပွဲထွက် အသုံးပြုခဲ့ပါတယ်။
ဒါဟာ နောက်ခံလူတွေ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေခဲ့ရတဲ့အပေါ် နည်းပြ အဲရစ်တန်ဟတ်ဂ်က မတူညီတဲ့ နောက်ခံလူ လေးဦးကို ၂၇ ကြိမ်အထိ ပွဲထွက်အသုံး ပြုခဲ့ရတာပါ။
လစ်ဗာပူးအသင်းနဲ့ နှစ်ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ မန်ယူအသင်း ခံစစ်လေးဦးတန်းမှာ လူငယ်ဗဟိုနောက်ခံလူ ကမ်ဘွာလာကို မက်ဂွဲယားနဲ့ တွဲဖက်ပေးခဲ့တာပါ။
မန်ယူအသင်းဟာ မာတီနက်ဇ်၊ လင်ဒီလော့ဖ်၊ ဗာရန်း၊ လုခ်ရှော၊ မလာစီယာတို့ ဒဏ်ရာရနေသလို ဂျွန်တီအီဗန်ဟာလည်း ဒဏ်ရာ ထပ်ရသွားတာကြောင့် ရွေးချယ်စရာ ခံစစ်ကစားသမား အားနည်းခဲ့ရတာပါ။
နည်းပြ အဲရစ်တန်ဟတ်ဂ်ကတော့ မတူညီတဲ့ နောက်တန်းလေးဦးကို ၂၈ ကြိမ်မြောက် အသုံးပြုဖို့လည်း စီစဉ်ထားပြီး ကွင်းလယ်လူ ကတ်စမီရိုဟာလဲ ဗဟိုခံစစ်မှာ ကစားနိုင်သူ ဖြစ်တယ်လို့ ပြောသွားပါတယ်။
Photo-Reuters